Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ်ရှိ ဖီမောမြို့ကို သိမ်းပိုက်ထားဟု KIA အတည်ပြု

တရုတ် – မြန်မာနယ်စပ်မြို့ငယ်တစ်ခုဖြစ်သည့် ဖီမောမြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(နိုဝင်ဘာ ၄ရက်)တွင် အတည်ပြုသည်။

(ဖီ​မော်မြို့အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဖီ​မော်မြို့အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

◾️ကချင်အချင်းချင်း သွေးထွက်သံယိုမဖြစ်စေလိုဘဲ KIO/KIAနှင့် ပူးပေါင်းလို၍ BGFနှင့် ပြည်သူစစ်များ ရှောင်ပေးခြင်းဖြစ်နိုင်ဟု ဗိုလ်မှူးကြီးနော်ဘူပြော

ဟန်နွေ/People’s Spring

ဖီမောမြို့နယ်စပ်ဂိတ်ကို KIAက နိုဝင်ဘာ ၂ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လမ်းတလျောက် တိုက်ပွဲအနည်းငယ်သာဖြစ်ခဲ့ပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်များက ပြင်းထန်စွာခုခံခြင်းမရှိ၍ KIA ပူးပေါင်းတပ်က အလွယ်တကူ သိမ်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

“နယ်စပ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင် ကုန်သွယ်မှုလုပ်နေတဲ့ မြို့ကြီးတော့ မဟုတ်ဘူးပေါ့။ ဒေသခံတွေ ဝင်ထွက်လို့ရတဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ပြည်သူ့စစ်နဲ့ BGF ရှိတယ်လို့ ပြောပါတယ်။ စကစရဲ့ ရဲဘော်စစ်သားတွေက အဲဒီလောက်မရှိဘူးလို့ ပြောပါတယ်။ အဲဒီမှာ စခန်းထိုင်နေတဲ့ ပြည်သူ့စစ်တွေ BGF ကတော့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေပဲ ဖြစ်တယ်ဆိုတော့ ကျနော်တို့တက်လာတဲ့အခါမှာ သူတို့လည်း အတက်နိုင်ဆုံးခုခံပြီးမှ စခန်းတွေကိုရှောင်သွား တယ်လို့ ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီစီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများကို ပြင်းပြင်းထန်ထန် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရခြင်းမရှိဘဲ အချိန်တိုအတွင်း ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါမြို့၊ ဖီမောမြို့နှင့် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြို့သိမ်းတိုက်ပွဲများအတွင်း BGFနှင့် ပြည်သူ့စစ်များက KIAထံ လက်နက်ချ ပူးပေါင်းမှုဖြစ်စဉ်များလည်းရှိခဲ့သည်။

” ပြောချင်တာကတော့ သူတို့လည်း ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ညီအကိုအချင်းချင်း သွေးထွက်သံယို မဖြစ်စေချင်လို့ ကျနော်တို့ KIO/KIAနဲ့ ပူးပေါင်းချင်လို့ ဘက်ပြောင်းချင်လို့ အခုလိုမျိုးရှောင်သွားတာလည်း ဖြစ်နိုင်တယ်လို့ ကျနော် ယူဆပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဖီမောမြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ထည့်သွင်း ပြောကြားသည်။

KIAသည် နိုဝင်ဘာ ၄ရက် ညနေပိုင်းတွင်လည်း ဖီမောမြို့ အရှေ့မြောက်ဘက်ရှိ ကန်ဖန့်ရွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။ ကန့်ဖန့်ရွာ သိမ်းပိုက်ရာတွင် ပြည်သူ့စစ်များက ခုခံခြင်းမရှိဘဲ လက်နက်ချသကဲ့သို့ ဒေသခံပြည်သူများကလည်း KIAကို ကြိုဆိုခဲ့ကြသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ကန်ဖန့်ကျေးရွာသိမ်းပိုက်မှုတွင် လက်နက်အလက် ၁၀၀ကျော် ရရှိခဲ့သည်ဟုလည်း ပြောပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။