Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမှ စစ်‌ကောင်စီနှင့် ရှမ်းနီ ပူးပေါင်းစခန်း နှစ်ခုကို KIA၊PDF တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းနှစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲဲ့ဝင်အချို့ ။ ဓါတ်ပုံ-PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲဲ့ဝင်အချို့ ။ ဓါတ်ပုံ-PDF)

အိမ်သွင်၊ဟန်​နွေ/People’s Spring

စစ်‌ကောင်စီတပ် နှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်း နှင့် ယင်းနေရာအနီးရှိ ပန်ချယ်စခန်းကို နိုဝင်လာလ၂ရက်နှင့် နိုဝင်လာလ ၃ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဖားကန့် ဆယ်ဇင်းရွာရဲ့ တဘက်ကမ်းကစခန်းတွေကို သိမ်းတာ။ ဟုမ္မလင်းထဲပါတယ်။ စစ်တပ်နဲ့ ရှမ်းနီတွေကတော့ ဟုမ္မလင်းမြို့ပေါ်ဘက်ရော ဆယ်ဇင်းဘက်ရော ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။

ဖားကန့် ဆယ်ဇင်းဒေသနှင့်ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းဘက်အခြမ်းရှိ SNA အင်အား ၄၀၀ ခန့် ဖြန့်ခွဲ နေရာယူထားသည့် ရှစ်မျက်နှာ ဘုရားကုန်းကို နိုဝင်ဘာ ၂ရက် ညနေ ၅နာရီ အချိန်တွင်လည်းကောင်း၊ ပန်ချယ် တပ်စခန်းအား နိုဝင်ဘာ ၃ရက် နံနက် ၇နာရီတွင်လည်းကောင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ ဟုတ်တယ် ။ သိမ်းရပြီ။ နှစ်ပတ်လောက်ထိုးစစ်ဆင်ရတာ ဟုတ်တယ်။ စစ်ကိုင်းဘက်ခြမ်းမှာပါတယ် အဲဒီစခန်းတွေက “ ဟု ပြောပြသည်။

တိုက်ပွဲသတင်းကို အမှတ်(၁)စစ်ဒေသက တရားဝင်မထုတ်ပြန်သေးပေ။ ထို့ကြောင့် တိုက်ပွဲအခြေအနေအ​သေးစိပ်ကို မသိရသေးပေ။

KIA၊PDF ပူးပေါင်းတပ်သည် အောင်တိုဘာလကုန်ပိုင်းကလည်း ဟုမ္မလင်း တဘက်ကမ်း ဆယ်ဇင်းရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်မှ ၂၄ရက်အတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီးစစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းယူထားသည်။ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။