Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဝမ်းပျက် ၊ဝမ်းလျှော ဖြစ်ပွားနေ

ဆေးရုံပို့ပေးရတဲ့ ဝမ်းပျက်၊ ဝမ်းလျှော ဝေဒနာသည်တွေ က အသက် ၂၀ အောက်ကနေ ၃၀ ကျော်အရွယ်တွေ ထိ ပါဝင်ပြီး အောင်မြေသာစံမြို့နယ်က ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမှာ ဝမ်းပျက် ၊ဝမ်းလျှော ဖြစ်ပွားနေ
မန္တလေးမှာ ဝမ်းပျက် ၊ဝမ်းလျှော ဖြစ်ပွားနေ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ အောက်တိုဘာလ ကစတင်ပြီး ရပ်ကွက်အချို့မှာ ဝမ်းပျက် ၊ဝမ်းလျှော ဖြစ်ပွားရာမှာ သေဆုံးသူအချို့ ရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မဟာအောင်မြေ၊ ၊အောင်မြေသာစံမြို့နယ်တွေမှာ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်ပွားတာပါ။

“အိမ်ရဲ့ ၃အိမ်ကျော်လောက်ရယ် ၊ နောက်ထပ် ၅အိမ်ကျော်လောက်ကတော့ ဝမ်းလျှောလို့ ဆေးရုံတက်နေတဲ့သူ ၂ယောက်ရှိတယ်”လို့ ချမ်းအေးသာစံမြို့နယ် ၃၅လမ်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်း(မန္တလေး) ရဲ့ ဖော်ပြချက်အရ အောက်တိုဘာလ က စတင်ပြီး နိုဝင်ဘာလဆန်းအထိ ဆေးရုံပို့ပေးရတဲ့ ဝမ်းပျက်၊ ဝမ်းလျှော ဝေဒနာ ၆ ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

ဒါက လူမှုကူညီရေးအသင်း တစ်သင်းတည်းကပဲ ကူညီပေးခဲ့တဲ့စာရင်းဖြစ်ပါတယ်။

ဆေးရုံပို့ပေးရတဲ့ ဝမ်းပျက်၊ ဝမ်းလျှော ဝေဒနာသည်တွေ က အသက် ၂၀ အောက်ကနေ ၃၀ ကျော်အရွယ်တွေ ထိ ပါဝင်ပြီး အောင်မြေသာစံမြို့နယ်က ဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဟာအောင်မြေ မြို့နယ် အတွင်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး အသက်၇၀အရွယ် သက်ကြီးဘိုးဘွား ၂ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်က မန္တလေး စည်ပင် ထုတ်ဝေတဲ့ မန္တလေးနေ့စဉ် သတင်းစာက ဖော်ပြပါတယ်။

မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းအချို့ကတော့ ရပ်ကွက်အချို့မှာ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်လာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေအတွင်း ဝမ်းပျက် ဝမ်းလျှော ရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပါသေး တယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook