Connect with us

Hi, what are you looking for?

သတင်း

တပ်ရင်းများ၏အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်အသုံးပြုပြီး ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း မပြုလုပ်ကြရန် KNDF သတိပေး

KNDFတပ်ဖွဲ့ဝင်တစ်ဦးဦး၏ အမည်ဖြင့်သော် လည်ကောင်း၊ ဌာန၊ဗျူဟာ တပ်ရင်းများ၏ အမည်ဖြင့်သော်လည်ကောင်း လာရောက်အလှူခံမှုများရှိလာပါက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများအား အကြောင်းကြားအတည်ပြုပေးရန်တိုက်တွန်းသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရဲခေါင်/People’s Spring

ဗဟိုဌာနများ ၊ဗျူဟာများ ၊တပ်ရင်းများ၏ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးပြု၍ ပြည်သူများအပေါ်လိမ်လည်အလှူခံကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုပြုလုပ်၍ အလှူငွေများရယူခြင်းနှင့် ပြည်သူများ ယုံကြည်မှုယုတ်လျော့အောင် ပြုလုပ်နေသည့် မသမာသူများရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(နိုဝင်ဘာ ၆)တွင် ထုတ်ပြန်သည်။

ပြည်သူလူထုများအနေဖြင့် (KNDF)အား ကူညီထောက်ပံ့ရာတွင် ယုံကြည်စိတ်ချစွာ အကူညီများပေးနိုင်ရန်အတွက် KNDFတွင် ဗဟိုကော်မတီ ၊ ဗဟိုဌာနများ၊ ဗျူဟာများ ၊ တပ်ရင်းများအလိုက် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ဘဏ္ဍာရှာဖွေရေးအတွက် တာဝန်ယူတာဝန်ခံရသည့် သက်ဆိုင်ရာ တာ ဝန်ရှိများအား ခန့်အပ်ထားကြောင်း အသိပေးသည်။

“အဲလိုလုပ်စား လိမ်စားနေတဲ့သူတွေကို မိရေးပူး ပေါင်းဆောင်ရွက်ပေးပါ ။မိရင်တော့ တစ်ဘဝလုံး နောင်တရနေစေရမဲ့အခြေအနေကို ကျနော်တို့အရေး ယူမှာဖြစ်ပါတယ်”ဟု KNDF၏ ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

Public Service Announcement

Public Service Announcement

KNDFတပ်ဖွဲ့ဝင်တစ်ဦးဦး၏ အမည်ဖြင့်သော် လည်ကောင်း၊ ဌာန၊ဗျူဟာ တပ်ရင်းများ၏ အမည်ဖြင့်သော်လည်ကောင်း လာရောက်အလှူခံမှုများရှိလာပါက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများအား အကြောင်းကြားအတည်ပြုပေးရန်တိုက်တွန်းသည်။

ထို့အပြင် ရဲဘော်တစ်ဦးဦးမှ သော်လည်ကောင်း ၊ တပ်ဖွဲ့ဝင်တစ်ဦးဦး၏ ပုံရိပ်အား အသုံးပြု၍ သော်လည်ကောင်း လာရောက်အလှူခံပါက အလှူငွေအားတစ်ပါတည်းပေးခြင်းမျိုးမပြုလုပ်ဘဲ ဦးစွာတာဝန်ထမ်းဆောင်နေသည့် ဌာန၊ဗျူဟာ၊ တပ်ရင်း အမည်နှင့် ကိုယ်ပိုင်အမှတ်အား တောင်းယူ၍ အထက်တွင်ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများထံအတည်ပြုချက်ဦးစွာရယူပြီးမှသာ လှူဒါန်းရန်လည်း KNDF က ဆိုသည်။

KNDFတပ်ရင်းများအလိုက် အလှူငွေဘဏ္ဍာရှာဖွေရန်အတွက် Facebook page များအား တပ်ရင်းများ ၏ နံပတ်နှင့်အတူ ဖွင့်လှစ်ခွင့်ပြုထားပြီး တပ်ရင်းနာမည်များဖြင့် မှုမမှန်သည့် အလှူငွေလာရောက်တောင်း ခံမှုများရှိပါက သက်ဆိုင်ရာ တပ်ရင်း Facebook page ၏ messenger တွင်လည်းမေးမြန်းအတည်ပြုနိုင်ကြောင်း ဖော်ပြသည်။

KNDF နှင့်သက်ဆိုင်သော အလှူငွေတောင်းခံခြင်း ကိစ္စရပ်များအားလုံးအတွက် အတည်ပြုချက်များကို KNDF ဗဟို၏ Facebook page တွင်မေးမြန်းအတည်ပြုနိုင်ပြီး သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ ၊ စစ်ဦးစီး ၊ စစ်ရေးချုပ် ၊ စစ်ထောက်ချုပ် ၊ ဗျူဟာမှူးများ ၊ တပ်ရင်းမှူးများ ထံတိုက်ရိုက်အတည်ပြုကြပါရန်လည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

Facebook