Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးသင့်ဒေသများ ၂ရက်ဆက် မိုးကြီးနိုင်

နေရာကွက်၍မိုးကြီးနိုင်သည့်အပြင် ဒေသအများအပြား၌ မိုးစပါးရိတ် သိမ်းချိန်တးအဖျက်မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

(နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကိုပြီူခဲ့သည့် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကိုပြီူခဲ့သည့် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️မနက်ဖြန်(နိုဝင်ဘာ ၇ရက်)နှင့် ၈ရက် မိုးကြီးမည့်သတိပေးချက် MOHADM ထုတ်ပြန်

မိထက်/People’s Spring

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခု၌ မနက်ဖြန်( နိုဝင်ဘာ ၇ရက်) နှင့် ၈ရက်တွင် မိုးကြီးမည့်သတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်များရှိနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုမကြာခဏပြုလုပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်းနှင့် မကွေးတိုင်း၊ ပြီးခဲ့သည့်စက်တင်ဘာက ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့သည့် နေပြည်တော်တို့၌နေရာကွက်မိုးကြီးနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၅ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၆ရက်) တွင် ပိုအားကောင်းလာခြင်းဖြစ်သည်။ ယင်း အရှိန်ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအပါအဝင် ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မိုးရွာနေသော်လည်း မနက်ဖြန်မှစ၍ ပုံမှန်ထက်မိုးကြီးနိုင်သည်ဟု MOHADM က သတိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသများ၌ နေရာကွက်၍မိုးကြီးနိုင်သည့်အပြင် ဒေသအများအပြား၌ မိုးစပါးရိတ် သိမ်းချိန်တးအဖျက်မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

” မိုးနဲ့လေက ချတော့မလို ရာသီဥတုပုံစံဖြစ်နေပါတယ်။ လေပြင်းတိုက်ပါတယ်။ ပျက်စီးတဲ့အဆင့်တော်မဟုတ်ဘူး။ မနက်ဖြန်နဲ့သဘက်ခါကတော့ သတိထားပြီးစောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်”ဟု မန္တလေးမြို့မှ လူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

MOHADMက မိုးကြီးမည့် သတိပေးထားသည့် ဒေသများအနက် ရခိုင်ပြည်နယ်တွင် လက်ရှိ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင်နေရသူ ၅သိန်းကျော် ရှိနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြင်းထန်သည့်တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများရှိနေသည်။

မန္တလေးတိုင်းနှင့် မကွေးတိုင်းတွင်လည်း မြို့နယ်အချို့၌ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းအချို့ ရှိနေသည်။ ထို့အပြင် နေရပ်စွန့်ခွာနေရပြီး ယာယီစစ်ဘေးရှောင်စခန်းများ၊ တောတိုက်များတွင် နေထိုင်ရသူ အများအပြားရှိနေသည်။

အဆိုပါဒေသများသည် ပြီးခဲ့သည့်အောက်တိုဘာလလယ်ကလည်း မိုးကြီးမှုနှင့် လေပြင်း ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရပြီး စစ်ဘေးရှောင်များသည် အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၁၀ရက်တွင် အားပျော့ ပျက်ပြယ် သွားမည်ဟု MOHADMက ခန့်မှန်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။