Connect with us

Hi, what are you looking for?

သတင်း

က​လေးအ​မြောက်တပ်မှ တိုက်ပွဲမရှိဘဲ ချင်း​တောင်​​ခြေသို့ တ​နေကုန်လက်နက်ကြီးဖြင့်ပစ်ခတ်

ကလေးမြို့အနီး ချင်းတောင်ခြေတွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က ပြောသည်။

(လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေ​သော စစ်သားများ။ဓါတ်ပုံ-စစ်​ကောင်စီ)
(လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေ​သော စစ်သားများ။ဓါတ်ပုံ-စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

ကလေးမြို့ အမြောက်တပ်မှချင်းတောင်ခြေဘက်သို့ ပစ်ခတ်နေသည့် အ​မြောက်များမှ မီးပွားများ ကလေးမြို့ပေါ်ရပ်ကွက်များအတွင်းကျရောက်နေ၍ မီးဘေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးနေသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းတောင်ခြေဘက်သို့ လက်နက်ကြီးများပစ်ခတ်နေပြီး ယ​နေ့(နိုဝင်ဘာ ၁၀ရက်​နေ့)တွင်လည်း မစ်ဇိုင်းများ သုံး၍ ပစ်ခတ်နေသည်ဟုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“လမ်းပေါ် ရှိနေချိန် ဒုံးကျည်က ပစ်တာ။ အိမ်ကိုမပြန်ရဲတော့အထိ ကြောက်ရတာ။ ခြေတွေလက်တွေတုန်ပြီး လန့်နေရတာ။ ဒုံးကျည်နဲ့အတူမီးပွါးတွေကျနေတယ် အိမ်တွေပေါ်ကို” ဟု မြို့ခံတဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့အနီး ချင်းတောင်ခြေတွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ပစ်ခတ်နေခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်စဥ် လွင့်စင်ကျလာသော အစအနများသည်မီးလောင်လွယ်ပြီး ကလေးမြို့ပေါ်နေရယအချို့တွင် ယမ်းနံ့များ ပျံ့နေကြောင်း သိရသည်။ နိုဝင်ဘာ၁၀ ရက်တွင် နံနက် ၈နာရီခွဲခန့်မှစတင်၍ ည ၈နာရီခွဲခန့်အထိ ၂၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

” အခုထိကို ပစ်နေတုန်းပါ။ ‌စိတ်‌ ရော လူပါ လုံးဝမလုံခြုံတော့ဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Facebook