Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဝမ်းရောဂါအဖြစ်များနေ

သေဆုံးရတဲ့အကြောင်းရင်းကတော့ ဆေးဝါးကုသမှု အချိန်မီမရတာကြောင့် လို့ လူမှုကူညီရေးအသင်းဝင် အချို့က ပြောပြပါတယ်။

မန္တလေးမှာ ဝမ်းရောဂါအဖြစ်များနေ
မန္တလေးမှာ ဝမ်းရောဂါအဖြစ်များနေ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ ဝမ်းရောဂါ အဖြစ်များနေကြပြီး ဆေးရုံကြီး မှာ ဝမ်းပျက် ၊ဝမ်းလျှော လူနာတွေနဲ့ ပြည့်ကျပ်နေတယ်လို့ ဆေးရုံသွားရောက် ပြသခဲ့သူတွေဆီကသိရပါတယ်။

မန္တလေးဆေးရုံကြီးရဲ့ အရေးပေါ်ကုသရေးဌာန နဲ့ ကုသဆောင်တွေမှာ ဝမ်းရောဂါ ခံစားနေရသူတွေ နဲ့ ပြည့်နေပြီး စိုးရိမ်ရသူတွေ ကို အဆောင်ခွဲခြားကုသနေတယ်လို့ သိရပါတယ်။

လူနာအင်အားများပြားလာတာကြောင့် မစိုးရိမ်ရတဲ့သူတွေကို ဆေးထိုး၊ ဆေးပေး ပြီး အပြင်ဆေးခန်းမှာပဲ ဆက်လက်ပြသဖို့ ပြန်လွှတ်တာတွေ လည်းရှိနေတယ်လို့ ဆေးရုံမှာသွားရောက်ပြသခဲ့သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘာဖြစ်လဲမေးလိုက်တိုင်း ဝမ်းလျှောလို့လာပြတယ်ပဲပြောကြတယ်၊ စိုးရိမ်ရတဲ့သူကလွဲပြီး ကျန်တဲ့သူတွေကိုဆေးပေးပြန်လွှတ်တာ၊ တတ်နိုင်ရင် အပြင်ဆေးခန်းမှာထပ်ပြဆိုတဲ့သဘောမျိုးပဲ”လို့ အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါပေမယ့် ပြင်ပ ဆေးရုံ၊ ဆေးခန်းတွေက ဝမ်းရောဂါ ဝေဒနာသည်တွေကို လက်ခံကုသပေးတာ အချို့သာရှိပြီး အများစုက ဆေးရုံကြီးဆီ မှာပဲ သွားရောက်ကုသခိုင်းနေတာလို့ လူနာရှင်တစ်ဦးရဲ့မိခင်က အခြေအနေကိုပြောပြပါတယ်။

“ဆေးရုံကြီးကလည်း မစိုးရိမ်ရဘူးဆိုပြီး ပြန်လွှတ်တယ်၊အိမ်ရောက်တော့လည်း ဝမ်းသွားတာ မရပ်ဘူး”လို့ လူနာရှင်ရဲ့မိခင်က ဆိုပါတယ်။

အခုရက်ပိုင်းတွေအတွင်း ဝမ်းပျက် ဝမ်းလျှော ဝေဒနာသည်တွေကို ဆေးရုံကြီး ဆီ ပို့ပေးရတဲ့နှုန်းက တစ်ရက်ကို ပျမ်းမျှ ၆ ဦးခန့် ရှိတယ်လို့ ပုသိမ်ကြီးမြို့အခြေစိုက် ပရဟိတ အဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

မြန်မာနိုင်ငံလူမှုကူညီရေးကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး-ပုသိမ်ကြီးမြို့နယ်)ရဲ့ ဖော်ပြချက်အရ ပုသိမ်ကြီးမြို့နယ်ထဲမှာ ရက် ၂၀ အတွင်း ဝမ်းရောဂါ လူနာ ၂၀ ဦးကို ဆေးရုံပို့ပေးခဲ့ရတယ်လို့သိရပါတယ်။ဒါက လူမှုကူညီရေးအသင်းတစ်ဖွဲ့ရဲ့ စာရင်းသာ ဖြစ်ပါတယ်။

မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်း သုံးဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းဖော်ပြချက်မှတ်တမ်းအရ အောက်တိုဘာလလဆန်းပိုင်းက နိုဝင်ဘာလ ပထမ ပတ်အတွင်း ဆေးရုံ ပို့ပေးရတဲ့ ဝမ်းရောဂါဝေဒနာသည် ၃၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းကတော့ ဆေးဝါးကုသမှု အချိန်မီမရတာကြောင့် လို့ လူမှုကူညီရေးအသင်းဝင် အချို့က ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။