Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့နယ် ဘုရားကျောင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်များအပါအဝင် ၁၀ဦးသေ၊ ၃၀ကျော် ဒဏ်ရာရ

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)

▪️မင်းအောင်လှိုင်တရုတ်မှ ပြန်လာအပြီးနောက် တတိယမြောက် အစုလိုက်၊အပြုံလိုက် ပြည်သူကို ဗုံးကြဲသတ်ဖြတ်ခြင်းဖြစ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၅ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တို့က ပြောသည်။

ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) ညနေ ၄နာရီ ဝန်းကျင်တွင် ကုန်းလော KBC ဘုရားကျောင်းရှိ စစ်ရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကုန်းလောအပါအဝင် မိုးမောက်မြို့နယ်ကို KIAက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – Myu Tsaw Kasa)

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှ ပြန်လာပြီးရက်ပိုင်းအတွင်း မိုးကုတ်မြို့နှင့် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ ၁၂ရက် နေ့လည်က နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးသွားများအပါအဝင် ပြည်သူ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၁ရက် ညသန်းခေါင်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့သည်။

” စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ တရုတ်ပြည်ခရီးစဉ် သူတို့က နိုဝင်ဘာ ၁၀ရက်ကနေ ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်ပိုင်း အစုလိုက်အပြုံလိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာ သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးတဲ့နေရာ ဒါတတိယမြောက်လို့ မှတ်သားထားပါတယ်။ အဓိကတော့ တရုတ်အစိုးရက စစ်ကောင်စီကို သက်ဆိုးရှည်အောင် အသက်ဆက်ပေးလိုက်တဲ့ အဓိက တရားခံ ဖြစ်သွားပြီလို့ အဲဒီလိုမှတ်ယူပါတယ်”ဟု စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များထိန်းချုပ်ထားသည့် နေရာများရှိ အရပ်သား ပြည်သူများအနေဖြင့် စစ်ကောင်စီ​၏ လေကြောင်းသတင်းများ ယခင်ထက် သတိထားနေထိုင်ကြရန်လည်း ၎င်းက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။