Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့နယ်မှကျေးရွာများကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား ၁ဦးသေ၊၁၀ ဦးကျော် ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်​ကောင်စီ၏ ဖိုက်တာ ဂျက်​လေယာဥ် ၂ စင်း စစ်တပ်အာဏာမသိမ်းခင်က​လေကျင့်ပျံသန်းစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဩဂုတ် ၈ရက် မနက်အစောတွင် စစ်ကောင်စီကမြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းရှိ ကုန်းလော၊ မြို့သစ်၊ စီဟက်ကျေးရွာ များ၌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကာ ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါ ဒေသရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို KIAက မတ်လအတွင်းက စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း မိုးမောက်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ခမရ(၄၃၇)တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် KIA ဌာနချုပ် လိုင်ဇာအနီး ဒေသများသို့လည်း ဩဂုတ် ၈ ရက်မနက်အစော(ဩဂုတ် ၇ရက် ညသန်းခေါင်​ကျော်)တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

KIA ဌာနချုပ် လိုင်ဇာအနီးရှိ မိုင်ဆက်ပါကျေးရွာ၊ KBC ဘုရားကျောင်း၊ မုန်လိုင်ခတ်ကျေးရွာ အနီးတ၀ိုက် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။