Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီးအား စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်၍ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ပြည်သူ ၁၃၀ ခန့်မှာလည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရသည့် ခရီးသည်တင်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရသည့် ခရီးသည်တင်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်း၌ စစ်တပ်က ခရီးသည်တင်ယာဉ်တစ်စီးအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ခရီးသည် သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက် ၇နာရီခွဲခန့်မှ ၈ နာရီ မိနစ် ၂၀ခန့်အတွင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိဝဇီးကုန်းသကြားစက်အထိုင်ချစခန်းမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဗုံးသီး ၅လုံးအား နှစ်ကြိမ်ခွဲချ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က ပြောသည်။

အဆိုပါ ဗုံးသီးများမှာ ငွေတိုးမန်း ခရီးသည်တင် ယာဉ်ဘေးတည့်တည့်ကျပြီး ယာဉ်ပေါ်ပါလာသည့် ခရီးသည် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း၊ ထို့အပြင် အမျိုးသား၂ ဦး၊အမျိုးသမီး တစ်ဦးတို့လည်း သေဆုံးခဲ့​ပြီး အခြားခရီးသွားပြည်သူ ၁၀ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“လမ်းပေါ်ကိုချတာ။ အဲဒီမှာခရီးသွားတွေထိတာ။ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ သုံးဦးသေဆုံးတယ်။ ကားနှစ်စီးပျက်စီးတယ်။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်နှင့် သင်္ကန်းဝတ်ပျူခေါင်းဆောင် ဝါသဝ၏ပျူများသည် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ် ခြင်း၊ ကျေးရွာများအားပစ်မှတ်ထားပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ပျူသင်တန်းတက်ရန် ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၂ ပတ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ပြည်သူ ၁၃၀ ခန့်မှာလည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၆ နှင့် ၁၇ရက်ကလည်း ကန့်ဘလူမြို့နယ်၊အလယ်ခုံရွာနှင့် ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ် ၉လုံးနှင့် ကား ၈စီးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။