Connect with us

Hi, what are you looking for?

သတင်း

ထိုင်းကွန်ဒိုစျေးကွက် အကျဖက်ရောက်နေပေမယ့် မြန်မာတွေရဲ့ ဝယ်ယူနှုန်းက မြင့်တက်နေ

ထိုင်းနိုင်ငံရဲ့ အကျဖက် ယိမ်းနေတဲ့ ကွန်ဒိုစျေးကွက်ဟာ မြန်မာနိုင်ငံက ဝယ်လက်တွေကြောင့် ခံသာနေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထိုင်းကွန်ဒိုစျေးကွက် အကျဖက်ရောက်နေပေမယ့် မြန်မာတွေရဲ့ ဝယ်ယူနှုန်းက မြင့်တက်နေ
ထိုင်းကွန်ဒိုစျေးကွက် အကျဖက်ရောက်နေပေမယ့် မြန်မာတွေရဲ့ ဝယ်ယူနှုန်းက မြင့်တက်နေ

-People’s Spring

စစ်တပ် အာဏာသိမ်းမှုအပြီး ဆိုးရွားလာတဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် ငွေကြေး တတ်နိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်နဲ့ တခြား အစိတ်အပိုင်းတွေက ကွန်ဒိုအခန်းတွေ ဝယ်ယူပြီး ပြောင်းရွှေ့ အခြေချခြင်းက ထိုင်းကွန်ဒိုစျေးကွက်အတွက် အထောက်အပံ့ကောင်း ဖြစ်လာစေခဲ့တာပါ။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုဟာ မနှစ်က အလားတူ ကာလထက် ၃ ဆမြင့်တက်သွားတယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC)က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာတွေဟာ တရုတ်နိုင်ငံသားတွေပြီးရင် ထိုင်းရဲ့ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု ဒုတိယ အများဆုံး နိုင်ငံခြားသားတွေအဖြစ် ရပ်တည်နေပါတယ်။

စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေက နိုင်ငံခြားသားတွေဟာ အေးအေးချမ်းချမ်း နေချင်ရင် ထိုင်းကို ရောက်လာကြတာချည်းပဲလို့ REICရဲ့ ညွှန်ကြားရေးမှူးချုပ် ကမ်မွန်ပေါ့ ဗီရာပါလာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလကနေ စက်တင်ဘာ လကုန်ထိ အတောအတွင်း မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းပေါင်း ၁၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ဘတ် ၅.၄၆ ဘီလီယံဖိုး၊တစ်နည်းအားဖြင့် ဒေါ်လာ ၁၅၈ သန်းဖိုး ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ထိုင်းမှာ မြန်မာတွေကွန်ဒို ဝယ်ယူမှု မြင့်တက်လာတာကြောင့် ပြည်ပကို ငွေကြေးစီးထွက်မှုတွေ မြင့်တက်လာတာကို တားဆီးဖို့ ဇွန်လတုန်းက ထိုင်းကွန်ဒိုတွေ ရောင်းချနေသူ ၅ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီလို ဖြိုခွင်းမှုတွေက ထိုင်းကွန်ဒိုစျေးကွက်အပေါ် မြန်မာတွေရဲ့ စိတ်ဝင်စားမှုကို အထိုက်အလျောက် ထိခိုက် သက်ရောက်စေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရှိန်ပြန်တက်လာတာ ဖြစ်ပါတယ်။

အရင်ကတော့ ပြည်ပမှာ အိမ်ရာဝယ်ယူမှုတွေကို မြန်မာနိုင်ငံမှာ တရားဝင် ခွင့်ပြုထားပေမယ့် နိုင်ငံခြားငွေ စီးထွက်မှုကို ဟန့်တားဖို့အတွက် အာဏာသိမ်း စစ်တပ်က ထိုင်းကွန်ဒို အရောင်းအဝယ်တွေကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့လည်း ဇူလိုင်ကနေ စက်တင်ဘာထိ အခုနှစ်ရဲ့ တတိယ သုံးလပတ် ကာလအတွင်း ထိုင်းမှာ မြန်မာတွေ ကွန်ဒို ဝယ်ယူမှုဟာ အရင်နှစ် အလားတူ ကာလထက် ၆၅ ရာခိုင်နှုန်း တက်ရိပ်ပြခဲ့ပါတယ်။

အမည်မဖော်ပြတဲ့ထိုင်းကွန်ဒိုပွဲစားတစ်ဦးကတော့ချမ်းသာကြွယ်ဝတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ဘေးသင့် နိုင်ငံထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းဖို့အတွက် ထိုင်းအိမ်ခြံမြေ စျေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြတာလို့ ဖော်ပြသွားပါတယ်။

ကိုးကား-ရိုက်တာ

ဓါတ်ပုံ- ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook