Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို ထပ်မံလေကြောင်းတိုက်ခိုက်၊ ပြည်သူခြောက်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၂ရက်ကလည်း နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်အား လေကြောင်းတိုက်ခိုက်မှုတွင်လည်း ပြည်သူ ၁၁ဦးသေဆုံးပြိး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

(နိုဝင်ဘာ ၂၂ရက်ညက နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(နိုဝင်ဘာ ၂၂ရက်ညက နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️နိုဝင်ဘာအတွင်း နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁၇ဦးသေဆုံး၊ ၃၀ကျော် ဒဏ်ရာရ

ကိုပုဂံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ခြောက်ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီးမှုရှိခဲ့သည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ခန့်ကွာဝေးပြီး နယ်မြေချင်းထိစပ်နေသော နောင်ချိုမြို့ကို စစ်ကောင်စီက နိုဝင်ဘာအတွင်းလေကြောင်းမှုတွင် ပြည်သူ ၁၇ဦးသေဆုံးပြီး ၃၀ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)ည ၁၂နာရီခန့်က နောင်ချိုမြို့ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ခြောက်လုံးခန့် ပျက်စီးခဲ့သည်ဟု နောင်ချိုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

” ပေါင်ထိတာက အမျိုးသမီး အသက်အရွယ်မသိရဘူး။ အဖွားတစ်ယောက် အုတ်ပိတာရှိတယ်။ ကျန်တာ နားအူတာမျိုး ထိခိုက်တာတွေရှိတယ်”ဟု နောင်ချိုဒေသခံက ပြောသည်။

နိုဝင်ဘာ ၂၁ရက် နံနက်အစောပိုင်းကလည်း နောင်ချိုမြို့နယ် ကံကြီးနှင့် ကုန်ကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာ ၁၂ရက်ကလည်း နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်အား လေကြောင်းတိုက်ခိုက်မှုတွင်လည်း ပြည်သူ ၁၁ဦးသေဆုံးပြိး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်(TNLA)က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။