Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ဓါးပြတိုက်မှုထပ်ဖြစ်၊ ဆိုင်ကယ်များနှင့် ပစ္စည်းအချို့ ပါသွား

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

(၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – CJ)
(၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – CJ)

ဇေအောင်/People’s Spring

နိုဝင်ဘာ ၂၃ရက် နေ့လည်ပိုင်းက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သုဗောဓာရုံစာသင်တို​က်အနီးရှိ နေအိမ်တစ်အိမ်သို့ ဆိုင်ကယ် သုံးစီးဖြင့် လက်နက်ကိုင် လူ၆ ယောက်ရောက်လာပြီး ဓါးပြတိုက်ခဲ့ကြောင်း၊ အဆိုပါနေအိမ်ရှိ ဆိုင်ကယ် နှစ်စီး၊ ငွေကျပ် ၂သိန်းနှင့် အခြားပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

“အိမ်ရှင်ကအော်တော့ ဘေးအိမ်ကလူကပြေးလာတာ သူ့ဖုန်းရောပါသွားတယ်ဟု သိရတယ်။”ဟု မုံရွာကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

ဆုံးရှုံးသွားသည့်ပမဏာကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ ဓါးပြတိုက်သည့်ဖြစ်စဉ်များမှာ စစ်ကောင်စီက PDF ရဲဘော်များအား ပုံဖျက်လို၍ လိုက်လံဓါးပြတိုက်နေခြင်းဖြစ်ကြောင်း ယူဆနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကလည်းမုံရွာမြို့ပေါ်၊ ရေကူးကန်လမ်း၊ မဇ္ဇိမရောင်ခြည်ကျောင်းဝန်းကျင်ရှိ နေအိမ် ၆အိမ်ခန့်အနုကြမ်းစီးခံရသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂ စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၄ ဦးကိုလည်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)က ဖမ်းဆီးရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Photo Essay

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။