Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် မီး​ပျက်ချိန် လျှပ်စစ်မီးကြိုးဖြတ်တောက်ခိုးယူသူများ သောင်းကျန်းနေ

မန္တလေးမြို့တွင် မီးပျက်ချိန် လျှပ်စစ်မီးကြိုးများအား ဖြတ်တောက်ခိုးယူသူများ သောင်းကျန်းနေကြောင်း မြို့ခံများက ပြောသည်။

(မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တစ်နေရာအား ညပိုင်းအချိန်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တစ်နေရာအား ညပိုင်းအချိန်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့တွင် ညဘက်မီးပျက်ချိန် လမ်းမီးတိုင်မှတဆင့် သွယ်တန်းထားသော အိမ်သုံးလျှပ်စစ်မီးကြိုးများအား ဖြတ်တောက်ခိုးယူသူများ ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

“မီးကြိုးက တစ်ခွေတစ်ခွေ စျေးနည်းမှမနည်းတာ။ မီးပျက်ချိန်ကများတော့ ညဆိုလာလာခိုးကြတာ။”ဟု အမရပူရမြို့နယ်ရှိ မီးကြိုးဖြုတ်ခိုးခံရသည့် ရပ်ကွက်တစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။

မီးကြိုးလာခိုးသူများမှာ အဖွဲ့လိုက် လာရောက်ခိုးယူနေကြခြင်းဖြစ်ပြီး စစ်တပ်ကလည်း ဖမ်းဆီးခြင်းမရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ်၌ မီးကြိုးဖြုတ်ခိုးယူခံရဖူးသည့် ရပ်ကွက်ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လျှပ်စစ်မီးပြတ်တောက်ချိန်မှာလည်း ပိုမိုဆိုးရွားလာပြီး တစ်ရက်လျှင် ၄ နာရီခန့်ပင် မရတော့ဟု မန္တလေးမြို့ခံအချို့က ဆိုသည်။ ထို့ကြောင့် မီးကြိုးဖြတ်တောက်ခိုးယူမှုများလည်း ပိုမိုဖြစ်လာခြင်းဟု မြို့ခံများက ပြောသည်။

မန္တလေးမြို့တွင် တစ်ရက်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် လေးနာရီနှုန်းဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးမည်ဟု စစ်ကောင်စီကကြေညာခဲ့သော်လည်း မြေပြင်တွင် ထိုကဲ့သို့ လျှပ်စစ်မီးမရရှိကြောင်း မြို့ခံများက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့တွင် ဥပဒေစိုးမိုးမှုကင်းမဲ့လာပြီး ရိုက်နှက် လုယက်ခြင်း၊ခိုးယူခြင်း၊ ဓါးပြတိုက်ခြင်းများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။