Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ဖမ်းဝရမ်း ကိစ္စဟာ တရားမျှတမှုတွေအတွက် ခြေလှမ်းတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ICCက စုံစမ်းမှုတွေ စတင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဖမ်းဝရမ်း ကိစ္စဟာ တရားမျှတမှုတွေအတွက် ခြေလှမ်းတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်ပြော
မင်းအောင်လှိုင်ရဲ့ ဖမ်းဝရမ်း ကိစ္စဟာ တရားမျှတမှုတွေအတွက် ခြေလှမ်းတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်ပြော

-People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်တပ်ဆီက တရားမျှတမှု ပြန်တောင်းယူဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့် ကိုယ်စားလှယ် ခါလီလူရာမန်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ICC တရားလို ရှေ့နေ ကာရင်မ် အာဆက် အာမက် ခန်းက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား တောင်းဆိုသွားမှာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အခုလို သဘောထား ထုတ်ပြန်ခဲ့တာပါ။

မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ခြင်းဟာ တရားမျှတမှုဆီ ဦးတည်တဲ့ ထင်ရှားပြတ်သားတဲ့ ခြေလှမ်းမျိုး ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ယူဆထားကြောင်း သူက ဆိုပါတယ်။ မင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံထဲမှာရော၊ ဘင်္ဂလားဒေ့ရှ်ရဲ့ အစိတ်အပိုင်း တချို့မှာပါ ရိုဟင်ဂျာတွေကို အဓမ္မ နှင်ထုတ်တာ၊ ဖိနှိပ်တာတွေကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တဲ့အတွက် ICC တရားလို ရှေ့နေရဲ့ စွပ်စွဲမှုကို ခံခဲ့ရတာပါ။ အဲဒီ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ ခန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဒုက္ခသည်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ကော်မရှင် အရာရှိ ရှမ်ဆုဒ် ဒူဇာကလည်း အခု ဖမ်းဝရမ်း ကိစ္စနဲ့အတူ ရိုဟင်ဂျာ အကျပ်အတည်းဟာ နိုင်ငံတကာ မြင်ကွင်းထဲ ပြန်ရောက်လာနိုင်မှာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ICCက စုံစမ်းမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ ကျူးလွန်မှုတွေမှာ စစ်တပ်နဲ့အတူ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတွေနဲ့ ရိုဟင်ဂျာ မဟုတ်တဲ့ အရပ်သားတွေပါ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့၊ ခန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

စစ်တပ်ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း ဖိနှိပ် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုပြီး ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေနဲ့ ချေမှုန်းခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ကိုးကား-Anadolu

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။