Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းလှေတွေကို မြန်မာစစ်သင်္ဘော ပစ်ခတ်ခဲ့လို့ ၁ ဦး​သေပြီး အချို့ဒဏ်ရာရ

(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)

▪︎ငါးဖမ်းလုပ်သား ၃၀ ​ကျော်ကိုလည်း စစ်တပ်ကဖမ်းဆီးသွား

-People’s Spring

မြန်မာ စစ်သင်္ဘော တစ်စီးက ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ထိုင်းငါးဖမ်းလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ထိုင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ထိုင်းရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းလှေ ၃ စီးကို မြန်မာ စစ်သင်္ဘောက ပစ်ခတ်ခဲ့တာလို့ ထိုင်းရဲ့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း အထိတ်တလန့် ခုန်ချရာက ငါးဖမ်းလှေ လုပ်သား ၁ ဦး ရေနစ်သေခဲ့ပြီး နောက်ထပ် ၃၁ ဦးကိုလည်း မြန်မာဖက်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)
(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)

ထိုင်းငါးဖမ်းလှေတွေဟာ ခိုဖရမ် အနောက်ဖက် ကမ်းလွန် ကီလိုမီတာ ၂၀ လောက် အကွာမှာ ငါးဖမ်းနေခဲ့ကြောင်း၊ အဲဒီနောက် မြန်မာဖက်က ရေယာဉ်တချို့ ရန်လိုတဲ့ ပုံစံနဲ့ ချဉ်းကပ်လာတဲ့နောက် ထိုင်းငါးဖမ်းလှေတွေဟာ ပိုက်ကွန်တွေကို ဖြတ်ချထားပြီး စက်ရှိန်မြှင့် ခုတ်မောင်းရင်း တိမ်းရှောင်ဖို့ ကြိုးစားခဲ့ကြောင်း The Nationမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)
(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)

ပစ်ခတ်မှုကြောင့် အရှုပ်အထွေးတွေ ဖြစ်ခဲ့တဲ့ အတောအတွင်း ငါးဖမ်းလှေ လုပ်သား ၁ ယောက် သေနတ်ထိမှန် ဒဏ်ရာရခဲ့သလို နောက်ထပ် ၁ ယောက်လည်း ဓာတ်လိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ရာ ရေပြင်ဆီ ရောက်သွားခဲ့တဲ့ ထိုင်းကင်းလှည့်ရေယာဉ်က အဲဒီ ဒဏ်ရာရသူတွေကို ရနောင်းဆီ ပို့ဆောင်ပြီး ဆေးရုံတင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကိုလည်း ရနောင်းကို ပြန်လည် သယ်ယူထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအတွက် စီစဉ်နေပါတယ်။

(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)
(ငါးဖမ်းလုပ်သား​တွေကို ပစ်ခတ်ခဲ့​သော စစ်​ကောင်စီ သ​ဘော်နှင့် ထိုင်းပင်လယ်ပြင်တွင် ထိုင်း​တော်ဝင်​ရေတပ်စစ်သင်္ဘောက စစ်​ကောင်စီ စစ်သင်္ဘောကို ​စောင့်ကြည့်စဥ်။ဓါတ်ပုံ- BangkokPost ၊ The Nation ၊ Khaosod English)

ငါးဖမ်းလှေတွေပေါ်မှာ လိုက်ပါခဲ့သူတွေထဲက ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကတော့ မြန်မာ့ ရေပိုင်နက်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီး အခုထိ ပြန်မလွတ်သေးဘူးလို့ ထိုင်းရေကြောင်း စိုးမိုးရေး ဗဟိုဌာနက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်နိမိတ် ငါးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေး စင်တာ (SEA)က ထိုင်း-မြန်မာ နယ်စပ်ဒေသဆိုင်ရာ ကော်မတီနဲ့အတူ ပူးပေါင်းပြီး ထိုင်းရေပိုင်နက်ထဲ မြန်မာဖက်က ကင်းလှည့်ရေယာဉ် နယ်ကျော်ဝင်ရောက်မှု၊ ပစ်ခတ်မှု၊ ထိုင်းစက်လှေတွေကို မြန်မာရေပိုင်နက်ထဲ အဓမ္မ ဆွဲယူသွားမှုတွေအတွက် ကန့်ကွက်ထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။