Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သက်တမ်းရင့် စစ်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေကို အနားပေးဖို့ ဗြိတိန် စီစဉ်

အသုံးစရိတ် လျှော့ချဖို့ အနေနဲ့ ဗြိတိန်ဟာ စစ်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ တချို့ကို ဖျက်သိမ်း၊ အနားပေးတော့မှာ ဖြစ်ပါတယ်။

အသုံးစရိတ် လျှော့ချဖို့ အနေနဲ့ ဗြိတိန်ဟာ စစ်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ တချို့ကို ဖျက်သိမ်း၊ အနားပေးတော့မှာ ဖြစ်ပါတယ်။

၅ နှစ်အတွင်း အသုံးစရိတ် စတာလင်ပေါင် သန်း ၅၀၀ လောက်ကို လျှော့ချပစ်ဖို့အတွက် သက်တမ်းရင့် စစ်လက်နက် ပစ္စည်းတွေကို ဖျက်သိမ်းရေး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဗြိတိန် အစိုးရက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက စစ်လက်နက် အဟောင်းတွေအပေါ် ထိန်းသိမ်းစောင့်ရှောက်ခတွေ အပါအဝင် စရိတ်တွေ လျှော့ချပြီးတဲ့အခါ အဲဒီ ငွေကြေးတွေကို အနာဂတ်ကာလ ဗြိတိန်ရဲ့ စစ်ရေး အစီအမံတွေမှာ ပြန်လည် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်ဟာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ GDPရဲ့ ၂.၅ ရာခိုင်နှုန်းထိ မြှင့်တင်ဖို့ ရည်ရွယ်ထားတာကို လက်တွေ့ ဖြည့်ဆည်းရာမှာလည်း အခုဆုံးဖြတ်ချက်က အသုံးဝင်လာမယ်လို့ ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

စစ်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ အပါအဝင် သက်တမ်း နှစ် ၅၀ အထက် စစ်လက်နက်တွေကို ဖျက်သိမ်းဖို့ ဗြိတိန်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သံရည်ကြိုစက်နဲ့ ပြတိုက်တွေဆီ ရောက်ဖွယ်ရှိတဲ့ စစ်လက်နက်တွေထဲမှာ ကမ်းတက် တိုက်ခိုက်ရေး ရေယာဉ်တွေဖြစ်တဲ့ HMS Albionနဲ့ HMS Bulwark၊ Type 23 ဖရီးရိတ် စစ်သင်္ဘော HMS Northumberland၊ လောင်စာဆီတင် သင်္ဘောတွေဖြစ်တဲ့ RFA Wave Knightနဲ့ RFA Wave Ruler၊ Watchkeeper WK450 Mk1 အမျိုးအစား ဒရုန်းတွေ၊ CH-47 Chinook အမျိုးအစား ရဟတ်ယာဉ် ၁၄ စီး၊ Puma ရဟတ်ယာဉ် ၁၇ စီးတို့ ပါဝင်နေပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ အနားပေး ဖျက်သိမ်းမယ့် သင်္ဘောတွေရဲ့ နေရာမှာ Type 26 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘောတစ်စီး၊ ဘက်စုံသုံး စစ်ရေယာဉ်တချို့နဲ့ ပြန်လည် အစားထိုးသွားမှာ ဖြစ်ပါတယ်။ Chinook ရဟတ်ယာဉ်တွေကိုတော့ မျိုးဆက် သတ်မှတ်ချက်အရ ပိုပြီး ခေတ်မီသစ်လွင်တဲ့ H-47(ER)တွေနဲ့ အစားထိုးသွားမှာဖြစ်ပြီး ၂၀၂၇ မှာ စတင် အသုံးပြုနိုင်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ Puma ရဟတ်ယာဉ်တွေကိုတော့ Airbus H145 မျိုးဆက်သစ်တွေနဲ့ အစားထိုးဖို့ လျာထားပါတယ်။

Watchkeeper ဒရုန်းတွေကို အစားထိုးမယ့် အမျိုးအစားကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဒရုန်းနည်းပညာတွေဟာ လွန်ခဲ့တဲ့ ၁၄ နှစ်တာအတွင်း အံ့မခန်း တိုးတက်လာပြီး အထူးသဖြင့် ယူကရိန်း စစ်ပွဲမှာ သိသိသာသာ အရေးပါလာကြောင်း၊ ဒရုန်းတွေရဲ့ အခန်းကဏ္ဍ ကြီးမားလာတဲ့ အနာဂတ် စစ်ရေး မျက်နှာစာတွေအတွက် အလေးအနက် ချဉ်းကပ် စဉ်းစားရမှာဖြစ်ကြောင်း ဟေလီက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

▪︎ငါးဖမ်းလုပ်သား ၃၀ ​ကျော်ကိုလည်း စစ်တပ်ကဖမ်းဆီးသွား -People’s Spring မြန်မာ စစ်သင်္ဘော တစ်စီးက ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ထိုင်းငါးဖမ်းလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ထိုင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ ၃၀...

သတင်း

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံလုပ် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက ရုရှားပိုင်နက် အတွင်းပိုင်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ပြည်သူ ၁၃၀ ခန့်မှာလည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Facebook