Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် စစ်တပ်ထောင်ထားသည့်မိုင်းကြောင့် (၅)နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး၊ မိခင် ဒဏ်ရာရ

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ကို လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အခြေအနေနှင့် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် ဒေသခံပြည်သူထိခိုက်မှုအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် မိသားစုဝင် သုံးဦး ထိခိုက်မှုဖြစ်ပြီး ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးကာ မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့ဟု KNUက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ကို လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အခြေအနေနှင့် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် ဒေသခံပြည်သူထိခိုက်မှုအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၈ရက်က ဖြူးမြို့နယ် ပေါက်ဇလုပ်ကျေးရွာ (KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်၌ ပါဝင်သည့် ကျေးရွာ)မှ မိသားစုတစ်ခုသည် မြို့သို့ စျေးဝယ်ရန် သွားရောက်ရာ ညောင်ပင်သာကျေးရွာအရောက်တွင် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၇)နှစ်အရွယ် ကိုစိုးမင်းနောင်နှင့် ၎င်း၏ (၅)နှစ်အရွယ် သမီးငယ်မအေးမြတ်ငြိမ်းတို့ ပွဲချင်းပြီး သေဆုံးကာ ကလေးငယ်၏ မိခင်ဒဏ်ရာရရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။ဒဏ်ရာရရှိသူ အသက် (၂၅)နှစ်အရွယ် မနုနုဝင်းသည် ဖြူးဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ သူးကဘီး (ကျွဲတလင်းကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် ရွာသာယာကျေးရွာမှ ဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နတ်တလင်းကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

ကရင်၊ မွန်၊ တနင်္သာရီနှင့် ပဲခူးဒေသများ ပါဝင်သည့် တောင်ပိုင်းတိုင်း စစ်ဒေသနယ်မြေတွင်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း စစ်ကောင်စီက ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်မှု ၇၅ကြိမ် ပြုလုပ်ခဲ့ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏အကြမ်းဖက်လုပ်ရပ်များကြောင့် တပတ်အတွင်း အပြစ်မဲ့ပြည်သူ ၃ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ မတရားဖမ်းဆီးခံရသူ ၂၂ ဦးရှိခဲ့ဟုလည်း ဖော်ပြသည်။ ဖြစ်စဉ် အသေးစိတ်ကို ဖော်ပြမထားပေ။

စစ်ကောင်စီလက်ပါးစေများသည် သက်လတ်ပိုင်းရှိလူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခြင်း၊ ငြင်းဆန်ပါက အရမ်းမဲ့အပြစ်ပေးခြင်းနှင့် အပစ်မဲ့ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး၍ အသက်သေဆုံးသည်အထိ ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း အလောင်းဖျောက်ဖျက်ခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းလည်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...