Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်နီးပါးအတွင်း ကရင်နီပြည်၌ အရပ်သားပြည်သူ ၅၀၀ကျော် သတ်ဖြတ်ခံရ၊ စစ်ဘေးရှောင်ပြည်သူ ၁၇၀ သေဆုံး

စစ်ကောင်စီကလည်း ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့များကို ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

◾️တိုက်ပွဲအကြိမ်ရေ ၁,၂၀၀ကျော်ဖြစ်ပြီး စစ်ကောင်စီတပ် ၃,၅၀၀ကျော် သေဆုံးဟု PKPF ထုတ်ပြန်

ရဲခေါင်/People’s Spring

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်နီးပါးအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀၀ကျော် သတ်ဖြတ်ခံရပြီး စစ်ဘေးရှောင်ပြည်သူ ၁၇၀ဦးသေဆုံးခဲ့ရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ရရက်မှ ၂၀၂၄ နိုဝင်ဘာ ၃၀ရက်အထိ ကရင်နီပြည်နယ် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်လာခြင်းဖြစ်သည်။

ကရင်နီပြည်နယ်၌ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၃၂ ဦးရှိပြီး စစ်ဘေးရှောင်ပြည်သူဆုံးသူ ၁၇၀ဦးရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၁,၂၃၅ကြိမ်အထိ ဖြစ်ပွားပြီး အဆိုပါတိုက်ပွဲများအတွင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ကရင်နီတပ်မတော်(KA)တို့မှ ရဲဘော် ၆၇၂ဦး ကျဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁,၇၄၆ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ကရင်နီပြည်နယ်ရှိ နေအိမ် ၂,၇၈၄လုံးနှင့် ဘာသာရေးအဆောက်အုံ ပျက်စီးမှု ၅၄ လုံးရှိခဲ့သည်ဟု PKPFက ဖော်ပြသည်။

ထို့အပြင် ဆေးရုံ၊ဆေးခန်း ၁၆ လုံးနှင့် စာသင်ကျောင်း ၂၆ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀အထိရှိခဲ့ပြီး စစ်ရှောင်စခန်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦး ၂၀ခန့်ပျက်စီးခဲ့ရကြောင်းလည်း အသိပေးထားသည်။

“စစ်ကောင်စီရဲ့ နိုဝင်ဘာလထဲမှာ ပြည်သူလူထုအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုတွေက ခပ်စိပ်စိပ်ဖြစ်လာတာ တွေ့ရတယ်။နောက်ပြီးတော့မှ ဗုံးကြဲတာတွေက ရက်တိုင်းနီးပါးကို ဖြစ်ခဲ့တယ်။စစ်ရေးအရကတော့ နောက်ပိုင်း ပိုပြင်းထန်လာနိုင်တယ်။လူထုပါမရှောင်ဘဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ ရှိလာလိမ့်မယ်လို့လဲ တွက်ဆထားတယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးဗညားက လူထုနွေဦးသို့ ပြောသည်။

(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)
(ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ်က ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၄ နိုဝင်ဘာ ၂၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂)

ထို့အပြင် လေးနှစ်တာနီးပါးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃,၅၈၀ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ၏ ယာတန်းပျက်စီးမှု ၆၈စီးရှိခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ် သုံးစီးကိုလည်း ပစ်ချဖျက်ဆီးခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံထားရသူ ၁၆၀ဦးရှိနေကြောင်းလည်း PKPFက ဖော်ပြသည်။

လက်ရှိတွင် ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့နှင့် ရွာသစ်နှင့် မော်ချီးမြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နန်းမယ်ခုံ၊ဘောလခဲ၊ဒီးမော့ဆိုနှင့် ဖားဆောင်းမြို့များကို ထိန်းချုပ်ကာ စစ်ကောင်စီ၏ ပင်မအခြေစိုက်တပ်များအား ပိတ်ဆို့ထားသည်။

စစ်ကောင်စီကလည်း ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့များကို ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး (၅)လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်သွားကြောင်း လွိုင်ကော်မြို့စစ်ဘေးရှောင်ကူညီနေသူအချို့က လူထုနွေဦးသို့ပြောသည်။

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် တာဝန်ထမ်းဆောင်ပြီးနောက် ကရင်နီပြည်နယ်သို့ပြန်ရောက်ပြီး တိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ အမှတ် (၆၀၆)စစ်ဦးစီးတပ်က အသိပေး ထုတ်ပြန်သည်။