Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကြောင့် အရပ်သားပြည်သူ ၂၅၀ကျော် သေဆုံး၊ ၃၀၀ကျော် ဒဏ်ရာရ

စစ်ရှောင်အမျိုးသမီးများ၊ကလေးသူငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အပံ့များလိုအပ်နေသည်ဟု ဆိုသည်။

(၂၀၂၄ စက်တင်ဘာ ၅ရက်က ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ - KnHRG)
(၂၀၂၄ စက်တင်ဘာ ၅ရက်က ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ - KnHRG)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကြောင့် စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ မှ ၂၀၂၄ အောက်တိုဘာအထိ အရပ်သားပြည်သူ ၂၅၀ကျော် သေဆုံးပြီး ၃၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ အမျိုးသမီးနှင့်ကလေးသူငယ် ရေးရာဌာနက ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၂၅ ရက်)ထုတ်ပြန်သည့် အချက် အလက်များအရ စစ်ကောင်စီသည် လေယာဥ်ဖြင့် တိုက်ခိုက်မှုကို လွန်စွာအသုံးပြုနေပြီး ယခုနှစ် အတွင်းပင် အမျိုးသမီးနှင့် ကလေးငယ် ၄၀ ထက်မနည်းသေဆုံးခဲ့ရသည်ဟု ဆိုသည်။

“အထူးသဖြင့် ကရင်နီပြည်နယ်မှာ လေယာဥ်ဗုံးကြဲမှုကြောင့် ကလေးသူငယ်ပေါင်း များစွာ အသက်ဆုံးရှုံးရပြီးမှ အခုဆိုရင် စိတ်ဒုက္ခတွေ ၊လူမှုရေး ဒုက္ခတွေအများအ ပြားကြုံတွေ့ရတဲ့ အခက်အခဲဆုံးအခြေ အနေဖြစ်တယ်”ဟု IEC ၏ ဒုတိယဥက္ကဌခွန်းဘီထူးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ခိုက်မှုများကြောင့် ယခုနှစ်အောက်တိုဘာအထိ ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်စခန်းပေါင်း ၄၀၀ကျော်ရှိပြီး ရွှေ့ပြောင်းနေထိုင်ရသည့်အိမ်ခြေ သုံးသောင်းခွဲထက်မနည်းရှိကြောင်းအသိပေးသည်။

၅နှစ်အောက်ကလေးငယ် တစ်သောင်းကျော် အပါအဝင် ၁၈ နှစ်အောက် ကလေးသူငယ် သုံးသောင်းကျော်မှာ စစ်ဘေးရှောင်နေရသည်ဟု ဖော်ပြသည်။

ထို့အပြင် သုံးနှစ်ကျော်ကာလ စစ်ရှောင်နေရသည့် ကလေး သူငယ်များ၏ပညာရေး၊ကျန်းမာရေး၊အစာအာဟာရနှင့် စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ကုစားရေးအတွက် အထူးလိုအပ်ကြောင်း IEC ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက ပြောသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးအရေးယူနိုင်ရေးအပါအဝင် ဦးစားပေးလုပ်ငန်းခုနစ်ချက်ကို ဝိုင်းဝန်းအကောင်အထည် ဖော်ရန်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊အလှူရှင်များနှင့် သံတမန်များကို တိုက်တွန်းထားသည်။

အမျိုးသမီးများ၊ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အဓိကသေဆုံးစေသည့် လေကြောင်းပစ်ခတ်မှုကို တားဆီးနိုင်ရန် အီးယူ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် လေယာဥ်ဆီတင်ပို့မှုကိုရပ်တန့်ပေး ရန်နှင့် လေယာဥ်ပျံသန်းမှု ကင်းလွတ်ဇုန်သတ်မှတ်ရန် တောင်းဆိုသည်။

စစ်ရှောင်အမျိုးသမီးများ၊ကလေးသူငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အပံ့များလိုအပ်နေသည်ဟု ဆိုသည်။

ထို့အပြင် ရှင်သန်ကျန်ရစ်သူများနှင့် စစ်ပွဲကြောင့်နစ်နာဆုံးရှုံးသွားသူများ ဘဝပြန်လည်ထူထောင်ရေးနှင့် မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများအတွက် လုံခြုံရေးအကာအကွယ်၊လူမှုဖူလုံရေးနှင့် အခြားသောအရေးပေါ်အစီအမံများအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကို ပံ့ပိုးပေးရန်လည်း တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။