Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းစစ်သားသစ်တစ်ဦး ပုလဲမြို့၌တာဝန်ကျစဥ် ထွက်ပြေးလွတ်မြောက်

နိုဝင်ဘာလအတွင်းကပင် မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်လာခဲ့သည်။

(ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-CDF)
(ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-CDF)

ဇေအောင်/People’s Spring

စစ်မှုထမ်းခေါ်ဆောင်ခံရသည့် စစ်သားသစ်တစ်ဦး စစ်ကိုင်းတိုင်း၊ ပုလဲမြို့၌ တာဝန်ကျနေစဥ် ထွက်ပြေးလွတ်မြောက်လာပြီး တော်လှန်ရေးအဖွဲ့က ထိန်းသိမ်းပေးထားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃ ရက်က ပုလဲမြို့ရှိ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံး၌ တာဝန်ကျနေသော မကွေးမြို့ ကပစ(၈၉)တပ်ရင်းမှ အသက်(၁၉)နှစ်အရွယ် တပ်သားမိုးမင်းအောင်ဆိုသူသည် စက်ဘီးတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်လာပြီး နေ့လယ်ပိုင်းတွင် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF)က ထိန်းသိမ်းပေးခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့စစ်ဆေးရေးဂိတ်မှာ ရောက်လာတာပါ။ မေးကြည့်မှ ပုလဲလဝကရုံးကနေထွက်ပြေးလာတာလို့ ပြောတာပါ။ သူကတော့ စစ်မှုထမ်းဖို့ မဲပေါက်တာလို့ ပြောပါတယ်။ သူလို့လူ ၅ဝလောက် ပုလဲခွေးစခန်းမှာပါလာတယ်လို့ ပြောပါတယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲလဝကရုံး၌ သင်တန်း ၃လဆင်းထားသည့် စစ်မှုထမ်းခေါ်ဆောင်ခံရသူ စစ်သားသစ် ၅ဝခန့်နှင့် စစ်ကောင်စီတပ်သား ၃၀ ခန့်၊ စုစုပေါင်း ၈၀ခန့်ရှိကြောင်း၊ ၎င်းတို့အား ပုလဲမြို့တိုက်ပွဲဖြစ်ပြီးနောက်လေယာဉ်ဖြင့် လာရောက်ချပေးခဲ့ခြင်းဟု ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါတပ်သားအား ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ)ထံတွင် အပ်နှံထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၁ ရက်ကလည်း ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခံရသော စစ်မှုထမ်းသက် ၂ လသာရှိသေးသည့် အသက်(၁၈)နှစ်အရွယ် စစ်ကောင်စီတပ်သားတစ်ဦးအား PDF များက ဖမ်းဆီးသွားခဲ့သည်။

နိုဝင်ဘာလအတွင်းကပင် မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်လာခဲ့သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အာဏာသက်ရောက်နေဆဲဖြစ်သည့် ဒေသများတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအား ဆင့်ခေါ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ်နေပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ်(၇)အား စတင်ရန် ကြိုးစားနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

Facebook