Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ အနောက်နဲ့မြောက်ဘက်ခြမ်းကပြည်သူတွေ တွေ့ရင်ခေါင်းဖြတ်သတ်မယ်လို့ စစ်တပ်ခြိမ်းခြောက်

ဒီဇင်ဘာ ၃ရက် ညနေ ၃နာရီလောက်မှာ ပုလဲမြို့နဲ့တဆက်တည်းဖြစ်နေတဲ့ အလည်ပုံကျေးရွာကိုစစ်တပ်က မီးရှို့ခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုလဲမြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်းက ပုလဲမြို့သိမ်းတိုက်ပွဲအပြီးမှာ အင်အားတိုးထားတဲ့စစ်တပ်က မြို့အနောက်ခြမ်းနဲ့မြောက်ခြမ်းကပြည်သူတွေကို သူတို့စစ်ကြောင်းနဲ့တွေ့ရင် ခေါင်းဖြတ်သတ်ပစ်မယ်လို့ လော်စပီကာတွေနဲ့ အော်ဟစ်ခြိမ်းခြောက်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ ညနေဘက်ဆိုရင် လော်စပီကာနဲ့အော်ဟစ်ခြိမ်းခြောက်တာတွေကို မြို့အပြင်ဝန်းကျင်က ပြည်သူတွေနဲ့ ရှေ့ကင်းက ရဲဘော်တွေအားလုံးကြားခဲ့ရတယ်လို့ GZတပ်တော်က ပြောပါတယ်။

“အဓိကဝင်တိုက်တဲ့အချိန်မှာ အဲဒီဘက်တွေက ရဲဘော်တွေဝင်တဲ့လမ်းကြောင်းမို့ထင်တယ်”လို့ GZတပ်တော်ရဲ့အတွင်းရေးမှူးကိုဖိုးချောက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကိုမြို့ထဲပြန်လာဖို့ စစ်တပ်ကခေါ်ခဲ့ပြီး မလာတဲ့ပြည်သူတွေရဲ့နေအိမ်တချို့ကို မီးရှို့ခဲ့သလို မနေ့ကလည်း အလည်ပုံကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

“အရင်ကလိုနယ်တွေမှာစစ်ကြောင်းထိုးရင်တရွာလုံးကိုမီးရှို့ပစ်လိုက်တာမျိုးမဟုတ်တော့ဘူးဗျ။စကစက သူတို့ရှို့ချင်တဲ့အိမ်တွေကိုပဲ ကွက်ရှို့တာ။ရွာထဲမှာ သူတို့ထိုင်ထားတော့ ဘယ်နှအိမ်ပါသွားလဲမသိရသေးဘူး”လို့ GZတပ်တော်ရဲ့အတွင်းရေးမှူးကိုဖိုးချောက ပြောပါတယ်။

နိုဝင်ဘာလအတွင်းမှာလည်း ပုလဲမြို့ပေါ်ကနေ စစ်ရှောင်သွားကြတဲ့ပြည်သူတွေကို ပြန်လာဖို့စစ်တပ်ကခေါ်ခဲ့ပြီး ပြည်သူ၅၀လောက်ကတော့ မြို့ထဲပြန်ဝင်ကြတယ်လို့ သိရပါတယ်။

ပြန်မဝင်တဲ့ပြည်သူတချို့ရဲ့အိမ်တွေကိုလည်း မီးရှို့ထားတယ်လို့ ကိုဖိုးချောက ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်မှာ ဗမာ့လွတ်မြောက်​ရေးတပ်တော်(BNRA)၊GZတပ်တော်နဲ့မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေက ပုလဲမြို့က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် လေးရက်မြောက်နေ့မှာ တပ်တွေပြန်ဆုတ်ပေးခဲ့ရ ပါတယ်။

အဲဒီနောက် စစ်တပ်က လေကြောင်းကနေ ၄ကြိမ်အထိ အင်အားဖြည့်တင်းတာတွေပြုလုပ်ပြီး မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။