Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ အနောက်နဲ့မြောက်ဘက်ခြမ်းကပြည်သူတွေ တွေ့ရင်ခေါင်းဖြတ်သတ်မယ်လို့ စစ်တပ်ခြိမ်းခြောက်

ဒီဇင်ဘာ ၃ရက် ညနေ ၃နာရီလောက်မှာ ပုလဲမြို့နဲ့တဆက်တည်းဖြစ်နေတဲ့ အလည်ပုံကျေးရွာကိုစစ်တပ်က မီးရှို့ခဲ့တာလို့ သိရပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုလဲမြို့သိမ်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်းက ပုလဲမြို့သိမ်းတိုက်ပွဲအပြီးမှာ အင်အားတိုးထားတဲ့စစ်တပ်က မြို့အနောက်ခြမ်းနဲ့မြောက်ခြမ်းကပြည်သူတွေကို သူတို့စစ်ကြောင်းနဲ့တွေ့ရင် ခေါင်းဖြတ်သတ်ပစ်မယ်လို့ လော်စပီကာတွေနဲ့ အော်ဟစ်ခြိမ်းခြောက်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ ညနေဘက်ဆိုရင် လော်စပီကာနဲ့အော်ဟစ်ခြိမ်းခြောက်တာတွေကို မြို့အပြင်ဝန်းကျင်က ပြည်သူတွေနဲ့ ရှေ့ကင်းက ရဲဘော်တွေအားလုံးကြားခဲ့ရတယ်လို့ GZတပ်တော်က ပြောပါတယ်။

“အဓိကဝင်တိုက်တဲ့အချိန်မှာ အဲဒီဘက်တွေက ရဲဘော်တွေဝင်တဲ့လမ်းကြောင်းမို့ထင်တယ်”လို့ GZတပ်တော်ရဲ့အတွင်းရေးမှူးကိုဖိုးချောက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကိုမြို့ထဲပြန်လာဖို့ စစ်တပ်ကခေါ်ခဲ့ပြီး မလာတဲ့ပြည်သူတွေရဲ့နေအိမ်တချို့ကို မီးရှို့ခဲ့သလို မနေ့ကလည်း အလည်ပုံကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

“အရင်ကလိုနယ်တွေမှာစစ်ကြောင်းထိုးရင်တရွာလုံးကိုမီးရှို့ပစ်လိုက်တာမျိုးမဟုတ်တော့ဘူးဗျ။စကစက သူတို့ရှို့ချင်တဲ့အိမ်တွေကိုပဲ ကွက်ရှို့တာ။ရွာထဲမှာ သူတို့ထိုင်ထားတော့ ဘယ်နှအိမ်ပါသွားလဲမသိရသေးဘူး”လို့ GZတပ်တော်ရဲ့အတွင်းရေးမှူးကိုဖိုးချောက ပြောပါတယ်။

နိုဝင်ဘာလအတွင်းမှာလည်း ပုလဲမြို့ပေါ်ကနေ စစ်ရှောင်သွားကြတဲ့ပြည်သူတွေကို ပြန်လာဖို့စစ်တပ်ကခေါ်ခဲ့ပြီး ပြည်သူ၅၀လောက်ကတော့ မြို့ထဲပြန်ဝင်ကြတယ်လို့ သိရပါတယ်။

ပြန်မဝင်တဲ့ပြည်သူတချို့ရဲ့အိမ်တွေကိုလည်း မီးရှို့ထားတယ်လို့ ကိုဖိုးချောက ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်မှာ ဗမာ့လွတ်မြောက်​ရေးတပ်တော်(BNRA)၊GZတပ်တော်နဲ့မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေက ပုလဲမြို့က ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် လေးရက်မြောက်နေ့မှာ တပ်တွေပြန်ဆုတ်ပေးခဲ့ရ ပါတယ်။

အဲဒီနောက် စစ်တပ်က လေကြောင်းကနေ ၄ကြိမ်အထိ အင်အားဖြည့်တင်းတာတွေပြုလုပ်ပြီး မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။