Connect with us

Hi, what are you looking for?

သတင်း

MNDAAက ပြန်ပေးဆွဲလူသတ်မှုကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်

MNDAAသည် ပြီးခဲ့သည့် ဧပြီကလည်း လောက်ကိုင်မြို့အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူ သုံးဦးအား သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

အိမ်သွင်/People’s Spring

ထိန်းချုပ်ဒေသများအတွင်း ပြန်ပေးဆွဲလူသတ်မှုများကျူးလွန်သူ ၆ဦးကို သေဒဏ်စီရင်လိုက် ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ယနေ့(ဒီဇင်ဘာ ၅ရက်) ထုတ်ပြန်သည်။

(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ပြစ်ဒဏ်စီရင်ခံရသူများအား MNDAAက ခေါ်ဆောင်လာစဉ်နှင့် ကြည့်ရှု့နေသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ဦးကို MNDAA အထူးဒေသ (၁)တရားစီရင် ရေးဌာနတာဝန်ရှိသူများက စီရင်ချက်ချခဲ့ပြီး ၆ဦးကို သေဒဏ်စီရင်ခြင်းဟု သတင်းရရှိသည်။

သေဒဏ်စီရင်ခံရသည့် ၆ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ အဆိုပါ အမျိုးသမီးသည် ၎င်း၏ခင်ပွန်းဖြစ်သူအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း MNDAAနှင့် နီးစပ်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

MNDAA အထူးဒေသ(၁) တရားစီရင်ရေးဌာနက လောက်ကိုင်မြို့ရှိ လူမြင်ကွင်းတစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၅ရက်)နံနက်ပိုင်း၌ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ ကျန်၁၅ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုသည်။

MNDAAသည် ပြီးခဲ့သည့် ဧပြီကလည်း လောက်ကိုင်မြို့အတွင်း လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူ သုံးဦးအား သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိန်းချုပ်ဒေသများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းဖြင့် သေဆုံးအောင်လုပ်ဆောင်မှုများ ကျူးလွန်ပါက သေဒဏ်၊ ထောင်ဒဏ်တသက်တကျွန်းနှင့် ၁၀နှစ်ထက်မပိုသော ပြစ်ဒဏ်များချမှတ်မည်ဟု ပြီးခဲ့သည့် ပြီးခဲ့သည့် မေလတွင် MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။