Connect with us

Hi, what are you looking for?

သတင်း

မုံရွာ − မန္တလေးလမ်းပိုင်းတွင် လမ်းသွားလမ်းလာအရပ်သားတစ်ဦးအား စစ်တပ်က သေနတ်ဖြင့်ပစ်သတ်

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)
(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)

ဇေအောင်/People’s Spring

မုံရွာမြို့နယ်၊ မုံရွာ − မန္တလေးလမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေသူတစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၉ရက်) ညနေ ၃ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြေနဲရွာနှင့် မအူကျေးရွာကြား၊ မအူတံတားအနီးတွင် ဆိုင်ကယ်ဖြင့်ကွမ်းခြင်းသယ်လာသော အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စွမ်းရည်ထက်ဆီဆိုင်ဂိတ်နဲ့ မအူရွာစစ်ဆေးရေးဂိတ်ကြားမှာဖြစ်တာ။ ဒီနေ့တပ်မ (၃၃)ကနေ ကားငါးစီးနဲ့ မုံရွာလာတာ။ အဲကားငါးစီးက ပစ်သွားတာ။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုစွမ်းလင်းထက်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသည့်ရုပ်အလောင်းကို မအူစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်က လာရောက်ကောက်ယူသွားကြောင်း၊ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ယခုရက်ပိုင်းအတွင်း မုံရွာ − မန္တလေးလမ်းပိုင်းတွင် ခရီးသွားယာဥ်များပေါ်မှ ပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးခြင်း၊ မိုင်းဆင်းရှာခိုင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook