Connect with us

Hi, what are you looking for?

သတင်း

မုံရွာ − မန္တလေးလမ်းပိုင်းတွင် လမ်းသွားလမ်းလာအရပ်သားတစ်ဦးအား စစ်တပ်က သေနတ်ဖြင့်ပစ်သတ်

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)
(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)

ဇေအောင်/People’s Spring

မုံရွာမြို့နယ်၊ မုံရွာ − မန္တလေးလမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေသူတစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၉ရက်) ညနေ ၃ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြေနဲရွာနှင့် မအူကျေးရွာကြား၊ မအူတံတားအနီးတွင် ဆိုင်ကယ်ဖြင့်ကွမ်းခြင်းသယ်လာသော အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စွမ်းရည်ထက်ဆီဆိုင်ဂိတ်နဲ့ မအူရွာစစ်ဆေးရေးဂိတ်ကြားမှာဖြစ်တာ။ ဒီနေ့တပ်မ (၃၃)ကနေ ကားငါးစီးနဲ့ မုံရွာလာတာ။ အဲကားငါးစီးက ပစ်သွားတာ။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုစွမ်းလင်းထက်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသည့်ရုပ်အလောင်းကို မအူစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်က လာရောက်ကောက်ယူသွားကြောင်း၊ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ယခုရက်ပိုင်းအတွင်း မုံရွာ − မန္တလေးလမ်းပိုင်းတွင် ခရီးသွားယာဥ်များပေါ်မှ ပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆေးခြင်း၊ မိုင်းဆင်းရှာခိုင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။