Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်လို့ ၂ရက်အတွင်း ပြည်သူ လေးဦး သေဆုံး

ဒဏ်ရာရသူ လေးဦးလည်းရှိပြီး ခြေချောင်းလေးချောင်းပြတ်သွားသူနဲ့ တံ​ထောင်စစ်အောက်နေ လက်ပြတ်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)
(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ကွမ်းအုံကျေးရွာကို မနေ့ညက လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် မနေ့က ည၁၀နာရီမှာ ကွမ်းအုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကွမ်းအုံကျေးရွာက အသက်၆၆နှစ်အရွယ် ဒေါ်ခင်ပိုနဲ့ အသက်၁၁နှစ်အရွယ် မောင်မာန်ရှိုင်းခေတ်တို့ ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။ သေဆုံးသူတွေဟာ မြေးအဘွားနှစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

” တရွာလုံးကို ပတ်ကျဲတာပါ။ကျေးရွာဆေးခန်းရော၊ရွာထဲကအိမ်တွေပေါ်ကိုရောကြဲတယ်။လေယာဥ် ငါးခေါက်လာကြဲတာ။ ကျွန်တော်ရေတွက်ထားသလောက်ဆိုရင် အလုံး၂၀ကျော်ကြဲချတယ်”လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ လေးဦးလည်းရှိပြီး ခြေချောင်းလေးချောင်းပြတ်သွားသူနဲ့ တံ​ထောင်စစ်အောက်နေ လက်ပြတ်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ ကျေးရွာပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဒီကနေ့ နေ့လည် ၁နာရီလောက်ကလည်း အဲဒီရွာရဲ့မြောက်ဘက်မှာရှိတဲ့ လုံးတောကျေးရွာဘုန်းကြီးကျောင်းကို ထပ်မံ လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

“၅လုံးကြဲသွားတယ်။ ကြဲသွားတဲ့အသံတော့ ကြားလိုက်တယ်။အပြည့်အစုံကိုစုဆောင်းပြီးမ ကျွန်တော်တို့ပြန်ပြောပါမယ်”လို့ လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နဲ့၃ရက်နေ့တွေမှာလည်း နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရီးစာသင်နေတဲ့​ကျောင်းသား၂ဦးနဲ့ အသက်၄၀ ဝန်းကျင် အမျိုးသား၂ဦးလည်း သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။