Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် KNLAပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၅ဦး ထပ်မံသေဆုံး၊ လက်နက် ၅လက်ရ

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ဦး ထပ်မံသေဆုံးပြီး လက်နက် ၅လက်သိမ်းရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ရက်နှင့် ဒီဇင်ဘာ ၁ရက်တွင်ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁ရက်)တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များမှ ဖာပွန်ခရိုင် ထွီးသီးအုနေရာရှိ အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃၀ရက်ကလည်း KNLA ပူးပေါင်းတပ်သည် စစ်ကောင်စစ်တပ်နှင့် ဖာပွန်နယ်မြေ (ငှက်ပျောတော)တွင် တစ်ကြိမ် ၊ ထွီးသီးအု နယ်မြေတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားလေးဦးသေဆုံးကာ MA-1 (၃)လက်နှင့် MA-4 (၁)လက်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

KNLA ပူးပေါင်းတပ်သည် မထောစခန်းအား သိမ်းပိုက်ပြီးနောက် စခန်းမှထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၃ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး နိုဝင်ဘာ ၂၇ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

KNLAပူးပေါင်းတပ်သည် နိုဝင်ဘာအတွင်း စစ်ကောင်စီတပ်စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖာပွန် စစ်ကောင်စီဗျူဟာကို ၀ိုင်းရံပိတ်ဆို့ ထိုးစစ်ဆင်လျက်ရှိသည်ဟု KNLAအတူတိုက်ပွဲဝင်နေသည့် တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။