Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်

YAK-130 တိုက်​လေယာဥ် ကျည်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၂ဦးအား မေးမြန်းရာ တစ်ဦးက ဖြစ်နိုင်သည်ဟု ပြောသည်။

(ယခုနှစ် သြဂုတ်လက မိုး​မောက်မြို့နယ်တွင်းတိုက်ပွဲ၌ စစ်တပ် သံချပ်ကာကားကို ​တော်လှန်​ရေးတပ်များသိမ်းပိုက်စဥ်။ ဓါတ်ပုံ-CJ)
(ယခုနှစ် သြဂုတ်လက မိုး​မောက်မြို့နယ်တွင်းတိုက်ပွဲ၌ စစ်တပ် သံချပ်ကာကားကို ​တော်လှန်​ရေးတပ်များသိမ်းပိုက်စဥ်။ ဓါတ်ပုံ-CJ)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေး ၇ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်​နေကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

ဒီဇင်ဘာ ၄ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ဒီဝင်ဘာ ၁၀ ရက်အထိ့တိုက်ပွဲပြင်းထန်​နေသလို မြို့နေရာအတော်များများ၌ မီးလောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“ဗန်းမော်မြို့ ပတ်လည် ၅နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ လေယာဥ်ဗုံးကြဲတာ အိမ်တစ်အိမ်ကို ထိမှန်လို့ မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့ ကြားရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် မြို့ခံ​သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်မရှောင်နိုင်သည့် ပြည်သူအချို့ ကျန်နေသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မြို့ပြင် တပ်(စစ်ကောင်စီတပ်)ဘက် တိုက်နေတယ်” ဟု ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။

ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို KIAက ပစ်ခတ်ခဲ့ရာ လေယာဉ်​နောက်ပိုင်း ထိမှန် မီးခိုးအူပြီး မြစ်ကြီးနား လေတပ်သို့ ဆင်းသက်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ မြစ်ကြီးနားလေတပ်ဆင်းသော YAK-130 တိုက်လေယာဉ်ကို ဗန်းမော်ဘက် ရှေကတန်းရောက် KIA ရဲဘော်များက ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ရာ နောက်မှီး ထိမှန်ပြိး လေတပ်အတွင်း မီးခိုးအူ ဆင်းသက်သွားသည်ဟု​ရေးသားထားခြင်းဖြစ်သည်။

YAK-130 တိုက်​လေယာဥ် ကျည်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၂ဦးအား မေးမြန်းရာ တစ်ဦးက ဖြစ်နိုင်သည်ဟု ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” အဲဒီလို့ပဲကြား။ ဒီနေ့” ဟု လေယာဉ် ကျည်ထိမှန်ဆင်းသက်မှု ဖြစ်စဉ် မေးမြန်းချက်အား ပြောပြသည်။

KIA အနေဖြင့် ယခုနှစ် ဇန်နဝါရီလ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ရဟတ်ယာဉ်ကိုလည်း ယခုနှစ် ဇန်နဝါရီတွင် ပစ်ချထားနိုင်ခဲ့သည်။

ဒီဇင်ဘာ ၉ရက် တိုက်ပွဲတွင် ဗန်းမော် တက္ကသိုလ်နယ်မြေ ရှိ စစ်ကောင်စီ တပ်စွဲရာနေရာကို ထပ်မံ သိမ်းပိုက်ခဲ့ပြီး မိုးမောက်-ဗန်းမော်ကြား ၆မိုင်နေရာမှ ခဲယမ်းများ သိမ်းရခဲ့ကြောင်း၊ KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့တွင်း ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ လေကြောင်းမှ ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

KIA ပူးပေါင်းတပ်သည် မံစီရှိ စစ်ကောင်စီ လက်ကျန်စခန်း အချို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ ပိတ်ဆို့ထိန်းချုပ်ထားနိုင်သည့် အခြေအနေဟုလည်း သတင်းရင်းမြစ်က ပြောသည်။ မံစီမြို့ကို ယခုနှစ် မေလကတည်းက KIAက ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း လက်ကျန် စစ်ကောင်စီ တပ်ရင်းများကို ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး