Connect with us

Hi, what are you looking for?

သတင်း

နပခဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့၏ အမ်းမြို့ရှိနေအိမ်ကို AA ချိပ်ပိတ်

နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်က မကွေးမြို့အခြေစိုက် တပ်မ(၈၈)သို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးသွားခဲ့ပြီး ယင်းအချိန်ကတည်းက နေအိမ်ကို ပိတ်ထားခြင်းဖြစ်သည်။

(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့်အဖွဲ့ အား၂၀၂၄ မေလက ငပလီဒေသ၌ တွေ့ရစဉ်။ ဓာတ်ပုံ − စကစ)
(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့်အဖွဲ့ အား၂၀၂၄ မေလက ငပလီဒေသ၌ တွေ့ရစဉ်။ ဓာတ်ပုံ − စကစ)

အိမ်သွင်/People’s Spring

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ပိုင်ဆိုင်သည့် အမ်းမြို့ရှိ နေအိမ်နှစ်လုံးကို အာရက္ခတပ်တော်(AA)ကချိပ်ပိတ် သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။

” မြို့ထဲက အိမ်တွေကို ချိပ်ပိတ်ပစ်တာ။ မြို့ကို လေကြောင်းကနေအပစ်ခံရတော့ သူတို့ အိမ်တွေလည်း ထိတော့ ထိထားတယ်။ အိမ်တွေကတော့ အကောင်းစားတွေ”ဟု မြို့ခံတစ်ဦးက ပြောသည်။

နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်က မကွေးမြို့အခြေစိုက် တပ်မ(၈၈)သို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးသွားခဲ့ပြီး ယင်းအချိန်ကတည်းက နေအိမ်ကို ပိတ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခအတွင်း ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာလဆန်းပိုင်းတွင် ပြောထားသည်။

ပြီးခဲ့သည့်သြဂုတ်က နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို AAက ထိုးစစ်ဆင်တိုက်ခိုက်သည့် တိုက်ပွဲအတွင်း ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်များကို ကိုးကား၍ ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့က ရေးသားခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သို့သော် AAက ယခုရက်ပိုင်းအတွင်း အမ်းမြို့ကိုထိန်းချုပ်ပြီးနောက် ၎င်းတို့၏ နေအိမ်နှစ်လုံးကိုလည်း ချိတ်ပိတ်လိုက်ကြောင်း မြို့ခံသတင်းရင်းမြစ်များက အတည်ပြုသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၍ ဒေသခံများ၏ နေအိမ်အများအပြားလည်း ပျက်စီးခဲ့သည်။

လက်ရှိတွင် အမ်းမြို့၌ နပခတစ်ခုသာ ကျန်ရှိတော့ပြီး AAက ဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း နပခ၌ ရှိမနေဘဲ ကျောက်ဖြူမြို့သို့ သွားရောက်တိမ်းရှောင်နေကြောင်း နိုဝင်ဘာလအစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သလို စစ်တွေမြို့တွင် ရောက်ရှိနေကြောင်းလည်း သတင်းများထပ်မံထွက်ပေါ်နေသည်။

AAသည် ပြီးခဲ့သည့် ဇူလိုင်က သံတွဲမြို့ကိုတိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း အာဏာသိမ်းစစ်အုပ်စုနှင့် ပတ်သက်သည့် ဇိမ်ခံဟိုတယ်များကို ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါဟိုတယ်များအား မည်ကဲ့သို့စီမံခန့်ခွဲမည်ကို မသိရှိရသေးပေ။

ပြီးခဲ့သည့်အောက်တိုဘာက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိမ်း၏ ပန်ဝါမြို့မှနေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ခဲ့သည့် မိုးကုတ်မြို့တွင်မူ စစ်ကောင်စီက ချိတ်ပိတ်ထားသည့် ဒေသခံများ၏နေအိမ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိုင်ရှင်ဒေသခံများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) သိမ်းယူသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား တိုင်းအဆင့်ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။