Connect with us

Hi, what are you looking for?

သတင်း

KNDFက တပ်အတွင်း တန်းတူညီမျှမှုရရှိရန် ဂျဲန်ဒါတန်းတူညီမျှရေးဌာနဖွဲ့စည်း

ကရင်နီစစ်ရေးလေ့လာသူများ၏ ခန့်မှန်းချက်အရ KNDF သည် တပ်ရင်း ၃၁ ခု ၊ ဗျူဟာ ၈ခုအထိဖွဲ့စည်းထားပြီး အင်အားတစ်သောင်းနှင့်အထက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

ရဲခေါင်/People’s Spring

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က တပ်တစ်ခုလုံးတွင် တန်းတူညီမျှမှုရရှိစေရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာနဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၆ရက်)တွင် အသိပေးထုတ်ပြန်သည်။

ထို့အပြင် KNDF မှ ဖော်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးများအပြင် စစ်ဆင်ရေးမရှိသည့်အချိန်ကာလများ၌ပင် ရဲဘော်များ၏ ကျန်းမာရေးကိစ္စကို တာဝန်ယူနိုင်ရန် ဗဟိုကျန်းမာရေးဌာနကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်း အသိပေးသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

အဆိုပါ ဂျဲန်ဒါတန်းတူညီမျှရေးဌာန၊ ဗဟိုကျန်းမာရေးဌာနစသည့် ဌာနနှစ်ခု၏ ဌာနမှူး၊ ဒုတိယဌာနမှူးနှင့် တာဝန်ခံများကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ဒီဇင်ဘာ ၁၅ရက်တွင်ခန့်အပ်သည့် အခမ်း အနားပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အခမ်းအနားတွင် KNDF ဥက္ကဋ္ဌခွန်းဘီထူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် က လေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးနှင့် KNDF ဗဟိုကော်မတီများက ဂုဏ်ပြုခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

KNDF သည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော တပ်ဖြစ်သည့် အားလျော်စွာ ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူး ပေါင်းပါဝင်နိုင်သော တပ်ဖြစ်မြောက်လာရေးအတွက် လိုအပ်သော တည်ဆောက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီး လေးလခန့်အကြာတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းခဲ့သော KNDF သည် ကရင်နီပြည်နယ်၌ အင်အားအကောင်းဆုံး တော်လှန်ရေးအင်အားစုဖြစ်ပြီး စစ်ကောင်စီတပ်ရင်းလိုက်ချေမှုန်းထားနိုင်သည်။

ကရင်နီစစ်ရေးလေ့လာသူများ၏ ခန့်မှန်းချက်အရ KNDF သည် တပ်ရင်း ၃၁ ခု ၊ ဗျူဟာ ၈ခုအထိဖွဲ့စည်းထားပြီး အင်အားတစ်သောင်းနှင့်အထက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။