Connect with us

Hi, what are you looking for?

သတင်း

စော​စောအလံဖြူ​ထောင်လျင် ​စော​စောအသက်ရှင်မိသားစုနှင့်​တွေ့ရမည်ဟု အမ်းနပခမှ စစ်သားအလံဖြူ​ထောင်​သောရုပ်သံ AA ထုတ်ပြန်

အမ်းမြို့တွင်နောက်ဆုံးလက်ကျန်ဖြစ်သည့် နပခကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေချိန်၌ မြေပြင်အခြေအနေကို AAက ထုတ်ပြန်လာခြင်းဖြစ်သည်။

(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)
(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

အမ်းမြို့တွင် ​နောက်ဆုံးကျန်​သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ စစ်​ကောင်စီတပ်သားများက အလံဖြူထောင်လက်နက်ချ​သောရုပ်သံမှတ်တမ်းတိုဖြင့် အမ်းနပခ ၏ ပကတိမြေပြင်အခြေအနေကို အာရက္ခတပ်တော်(AA)က ယနေ့ (ဒီဇင်ဘာလ ၁၆ရက်) ညတွင် ထုတ်ပြန်သည်။

“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်”ဟု ရေးသားထားပြီး စက္ကန့် ၅၀ ​ကျော်ကြာ​သော ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)
(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လက်နက်ချပြီး သုံးပန်းအဖြစ် ဖမ်းဆီးထားသည်ကို ရုပ်သံ၌တွေ့ရသည်။ အများစုသည် ဒဏ်ရာများရရှ်ိထားသလို အားနည်း စိတ်ဓါတ်ကျဆင်းနေသည့် ပုံစံ​တွေ့ရသည်။

Public Service Announcement

Public Service Announcement

သုံ့ပန်းများ လမ်းလျှောက်နေချိန်၌ လေယာဉ်ပျံတဲနေသံကြားရပြီး သုံးပန်းများကလည်း အပေါ်ဘက်သို့မကြာခဏမော့ကြည့်နေကြသည်။

(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)
(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)

အမ်းမြို့တွင်နောက်ဆုံးလက်ကျန်ဖြစ်သည့် နပခကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေချိန်၌ မြေပြင်အခြေအနေကို AAက ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုအပြင်AAကနပခကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်​နေ​သောတိုက်ပွဲအတွင်း ထွက်‌‌ပြေးသည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့မှာ နပခအနီးတောထဲတွင် AAစစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားစဥ် ဗိုလ်မှူးချုပ်​ကျော်​ကျော်သန်းသေဆုံးသွား​ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူက နပခထဲကနေ ခုခံနေရင်းကနေ ထွက်ပြေးတာ။ နပခကို သိမ်းတာက လက်စမသတ်သေးဘူး။ ချနေရဆဲပဲ။ တိုင်းဦးစီးမှူးကတော့ သေတာ အမှန်ပါ။ သူနဲ့အတူ နောက်ထပ်၂၀ လောက်ပါတယ်”ဟု ၎င်းက ပြောသည်။

(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)
(အမ်း နပခ မှ အလံဖြူ​ထောင်လက်နက်ချ​နေ​သော စစ်​ကောင်စီတပ်သားများ။ဓါတ်ပုံ-AA Info Desk)

AA က အမ်းနပခ ကိုအပြီးသတ်ရန် အပြင်းအထန်ထိုးစစ်ဆင်​နေပြီး အမ်းမြို့နယ်ရှိ အခြား​သောတပ်ရင်းများ ၊ဌာနချုပ်များ ၊စခန်းများကို သိမ်းပိုက်ပြီးဖြစ်သည်။AA က အမ်းနပခ ကိုသိမ်းပိုက်ပြီးပါကစစ်​ကောင်စီတပ်အတွက် ဒုတိယ​မြောက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်လာမည်ဖြစ်သည်။ ပထမဆုံးတိုင်းစစ်ဌာနချုပ်ဆုံးရှုံးရမှုအဖြစ် ၂၀၂၄ သြဂုတ်လဆန်းတွင် MNDAA နှင့် မဟာမိတ်တပ်များကလားရှိုး ရမခကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

AA အနေဖြင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်သုံးခုသာ သိမ်းပိုက်ရန်သာ ကျန်တော့သည့် အခြေအနေ၌ ယခု ကဲ့သို့အသိပေးလာခြင်းလည်းဖြစ်သည်။

Facebook