Connect with us

Hi, what are you looking for?

သတင်း

RCSSတိုက်ခိုက်မှုများအပေါ် နောက်ဆုံးအချိန်ရောက်မှ လက်တုံ့ပြန်မည်ဟု SSPP အသိပေး

SSPP/SSA စစ်ယာဉ်နှင့် ဒေသခံပြည်သူ၏ မော်တော်ယာဉ်တစ်စီးကို RCSSက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)
(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)

ထားမြတ်/People’s Spring

ရှမ်းလူထုများလိုလားသည့် ရှမ်းတပ်နှစ်ဖွဲ့ကြား အပစ်ရပ်နိုင်ရေးအတွက် ဆုံးဖြတ်ထားခြင်းကြောင့် ဆွေးနွေး အဖြေရှာသော နည်းလမ်းကိုသာလက်ကိုင်ပြုထားပြီး လက်တုံ့ပြန်တိုက်ခိုက်မှုကို မလွှဲမရှောင်သာသည့် နောက်ဆုံးအချိန်ရောက်မှသာ အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ၎င်းတို့ အဖွဲ့အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က တိုက်ခိုက်လာမှုအပေါ် တုံ့ပြန်လိုက်သည်။

SSPP/SSA စစ်ယာဉ်နှင့် ဒေသခံပြည်သူ၏ မော်တော်ယာဉ်တစ်စီးကို RCSSက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)
(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် SSPP/SSA စစ်ယာဉ်တစ်စီး နှင့် ဒေသခံ ပြည်သူ၏ မော်တော်ယာဉ်တစ်စီးကို RCSS တပ်ဖွဲ့ဝင်များမှ ဒီဇင်ဘာ ၁၅ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် မိုင်း(၁၉)လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့်မိုင်း (၂)လုံးကိုလည်း SSPP/SSA တပ်ဖွဲ့ဝင်များမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် SSPP/SSA ယာဥ်တစ်စီး မိုင်းစထိမှန် အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း၊ ထို့နောက် မိနစ်အနည်းငယ်အကြာတွင်လည်း ဒေသခံပြည်သူမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကိုပါ RCSS က ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မိသားစုဝင် သုံးဦး မိုင်းထိမှန် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိသည့် ပြည်သူများသည် မိုင်းကိုင်မြို့နယ် နောင်လျှော် ကျေးရွာမှ အသက်(၂၅) နှစ်အရွယ်ကျောင်းဆရာမ ဖြစ်ပြီး ၎င်း၏ (၁)နှစ်ကျော်အရွယ် သမီးငယ်နှင့် (၃)လအရွယ် ကလေးငယ်တို့ ဖြစ်သည်ဟု ဆိုသည်။

(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)
(မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်များပျက်စီးနေသည်ကို SSPPက ထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ − SSPP)

SSPP နှင့် RCSS တို့သည် နှစ်ဖက် အပစ်ရပ်စဲမှုကို ၂၀၂၃ နိုဝင်ဘာ ၂၉ရက်က ပူးတွဲကြေညာခဲ့သော်လည်း ယခုနှစ်အတွင်း နှစ်ဖက်အကြား ပဋိပက္ခနှင့် တိုက်ခိုက်မှုများ မကြာခဏ ရှိနေသည်။

ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း RCSS မှ အကြိမ်ကြိမ် ရန်စ တိုက်ခိုက်နေကြောင်း SSPPက ထုတ်ပြန်သည်။ RCSSကမူ SSPPနှင့် ပဋိပက္ခ ဖြစ်ပွားမှုများကို သတင်းထုတ်ပြန် ပြောဆိုမှုမရှိပေ။

ထိုသို့ မကြာခဏ ရန်စတိုက်ခိုက်မှုများကြောင့် မကြာခဏ နှစ်ဖက်အပစ်အခတ်ပြန်လည်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာ၌ပင် ရှမ်းတပ်နှစ်ခုကြား ပစ်ခတ်ရပ်စဲနိုင်ရန် ပြည်သူတစ်ရပ်မှကြားဝင် စေ့စပ်ပေးခဲ့ကြောင်း SSPPက ဆိုသည်။

ရှမ်းတပ်နှစ်ဖွဲ့ကြား အပစ်ရပ်နိုင်ရေးအတွက် ရှေးရှူ့ပြီး SSPP/SSA တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားရန် ထိန်းသိမ်းခဲ့ ခြင်းကို RCSS တပ်ဖွဲ့မှ ယခင်ဖြစ်ခဲ့သည့် နှစ်ဖွဲ့ကြားပြသာနာများကို အကြောင်းပြကာ SSPP/SSA တပ်စခန်းများ ၊ တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက် ခိုက် သတ်ဖြတ် ဖမ်းစီးခဲ့သည့် လုပ်ရပ်များ လုပ်ဆောင် နေဆဲဖြစ်ကြောင်း SSPPက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။