Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဗိုလ်လောင်း ၁၃၀ကျော်ပါဝင်ဆင်နွှဲ၊ ၁၂ဦး ကျဆုံး

TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်ကလည်း ယခု သင်တန်းဆင်းပွဲသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုကြောင်းဖော်ပြကာ သင်တန်းသားသစ်များကို ကြိုဆိုခဲ့သည်။

(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)
(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)

▪️စစ်ကောင်စီကို တအာင်းမြေမှတိုက်ထုတ်နိုင်ခဲ့၊ ကာကွယ်ရေး ယခင်ထက် ပိုလုပ်ရမည်ဟု TNLA ခေါင်းဆောင်ပြောကြား

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)​၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်သင်တန်းတက်နေသည့် ဗိုလ်လောင်း ၁၃၀ ကျော် ပါဝင်ခဲ့ရာ ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ရသည်ဟု TNLAက ယနေ့ (ဒီဇင်ဘာ ၁၈ရက်) အသိပေးသည်။

TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅)အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်က ကျင်းပခဲ့ရာ အပတ်စဉ် (၄)မှ ဗိုလ်လောင်းများမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့မှုအပေါ် အသိပေးထားသည်။

သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့သည့် အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းကာလသည် ၁၀၂၇ စစ်ဆင်ရေးနှင့် တိုက်ဆိုင်လျက်ရှိရာ ဗိုလ်လောင်းများလည်း စစ်ဆင်ရေး အပိုင်း(၂)တွင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)
(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)

စစ်ဆင်ရေးအတွင်း ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ပြီး ယခု သင်တန်းဆင်းပွဲ၌ သင်တန်းသား ၁၁၄ ဦး သင်တန်းဆင်းနိုင်ခဲ့ဟု အသိပေးသည်။ ယခုကျင်းပမည့် အပတ်စဉ် (၅)အလုပ်သင် ဗိုလ်သင်တန်းတွင် သင်တန်းသား (၁၃၅) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်၌ အသက်ပေးလှူသွားသည့် ဗိုလ်လောင်းသင်တန်းသားများအား ဂုဏ်ယူလေးစားကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့်လည်း ကျရာတာဝန်များကို အကောင်းဆုံးဆောင်ရွက်ရန် ဥက္ကဋ္ဌ တားအိုက်ဘုန်းက မှာကြားသည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိ တအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်၍ စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)
(TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)

TNLAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးပထမပိုင်းအတွင်း နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံမြို့ ၇မြို့ကို TNLAက သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၄ ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဆင်နွှဲခဲ့ရာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ မြို့များကိုသိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ တပ်စခန်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိခဲ့သည်။

ထိုသို့ သိမ်းပိုက်ထားနိုင်ပြီးဖြစ်၍ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်ကလည်း ယခု သင်တန်းဆင်းပွဲသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုကြောင်းဖော်ပြကာ သင်တန်းသားသစ်များကို ကြိုဆိုခဲ့သည်။

တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် ပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်က သဝဏ်လွှာပို့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဘုံရန်သူ၏သွေးခွဲဗျူဟာ အသက်ဝင်မလာရေး တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပြဿနာ အချို့ နည်းလမ်းရှာနိုင်ရန်လိုဟုဆို

သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေ၊ ဖက်ဒရယ်တည်ဆောက်ရေးပူးပေါင်းဆောင်ရွန်ရန် ဖော်ပြ

သတင်း

TNLA ကြုံနေသည့် အခက်အခဲများ ဝိုင်းဝန်းဖြေရှင်းရန် အမြဲအသင့်ရှိဟု MNDAAနှင့် AA အသိပေး