Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်း၂ဦးနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်း၂ဦးနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဒီဇင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၉ ရက်ကစ၍ မတ္တရာမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ထို့နေ့နံနက် ၉နာရီတွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၈)မိုင်ခန့်သာ ကွာဝေးသော ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိသော ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထန်းပင်ကုန်းက မတ္တရာအရှေ့ခြမ်းမှာရှိတာ။ အဲဒီတိုက်ပွဲဲတုန်းက လက်နက်ကြီးတွေလည်း တအားပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မန္တလေး PDFက ထုတ်ပြန်သည့် ဓာတ်ပုံတွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၅ လက်၊ ခဲယမ်းအချို့ ရရှိထားသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၆ရက်ကလည်း တော်လှန်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရသည့် မတ္တရာအနောက်ခြမ်းအား မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ ယနှင့် ထိန်ပင်စောက်ကျေးရွာတို့ရှိ စစ်ကောင်စီစခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။

သို့သော် မတ္တရာအနောက်ခြမ်း၌ စစ်ကောင်စီစခန်းများ ကျန်ရှိနေဆဲဖြစ်၍ ယခင်ရက်ပိုင်းကပင် ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မန္တလေး PDF သည် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။