Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို မန္တလေး PDF သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

(ဖမ်းဆီးရမိသော စစ်သုံ့ပန်း၂ဦးနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)
(ဖမ်းဆီးရမိသော စစ်သုံ့ပန်း၂ဦးနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဒီဇင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၉ ရက်ကစ၍ မတ္တရာမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ထို့နေ့နံနက် ၉နာရီတွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၈)မိုင်ခန့်သာ ကွာဝေးသော ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိသော ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထန်းပင်ကုန်းက မတ္တရာအရှေ့ခြမ်းမှာရှိတာ။ အဲဒီတိုက်ပွဲဲတုန်းက လက်နက်ကြီးတွေလည်း တအားပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မန္တလေး PDFက ထုတ်ပြန်သည့် ဓာတ်ပုံတွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၅ လက်၊ ခဲယမ်းအချို့ ရရှိထားသည်ကို တွေ့ရသည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၆ရက်ကလည်း တော်လှန်ရေးအဖွဲ့များ ယာယီလက်လွှတ်ခဲ့ရသည့် မတ္တရာအနောက်ခြမ်းအား မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ ယနှင့် ထိန်ပင်စောက်ကျေးရွာတို့ရှိ စစ်ကောင်စီစခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။

သို့သော် မတ္တရာအနောက်ခြမ်း၌ စစ်ကောင်စီစခန်းများ ကျန်ရှိနေဆဲဖြစ်၍ ယခင်ရက်ပိုင်းကပင် ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မန္တလေး PDF သည် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။