Connect with us

Hi, what are you looking for?

သတင်း

အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် NUG ထိန်းကျောင်းရန် ပြင်ဆင်နေဟု ဆို

NUG သည် NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)နှင့် လက်တွဲဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု မူဝါဒရေးဆွဲရေးနှင့် တရားမျှတမှုရရှိစေရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် NUG ထိန်းကျောင်းရန် ပြင်ဆင်နေဟု ဆို
အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် NUG ထိန်းကျောင်းရန် ပြင်ဆင်နေဟု ဆို

▪️“ကျွန်တော်အလေးပေးပြောချင်တာက အကြမ်းဖက်စစ်ကောင်စီရဲ့ ကျဆုံးခြင်းကို ဘယ်အရာကမျှ ရပ်တန့်နိုင်မှာမဟုတ်ပါဘူး” – သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်

အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလပြည်သူ့တရားစီရင်ရေးကော်မတီသည် အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှီသူ ဦးကျော်ဇော်က ယနေ့(ဒီဇင်ဘာ ၂၄ရက်)ပြောကြားလိုက်သည်။

ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဥ်မှတဆင့် အချို့မြို့နယ်များ၌ မိမိသဘောမိမိဆောင်၍ ကြေညာချက်များထုတ်ပြန်နေခြင်းအပေါ် ထိန်းကျောင်းနိုင်ရန်အတွက် လိုအပ်သော မူဝါဒထုတ်ခြင်း၊ လမ်းညွှန်ချက်များ ချမှတ်ခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း NUG သမ္မတရုံးပြောခွင့်ရက အသိပေးသည်။

မကြာသေးမီက မကွေးတိုင်းအတွင်း၌ ‘သေဒဏ်အထိချမှတ်နိုင်သော’အရေးယူမှုဆောင်ရွက်မည်ဆိုသော ကြေညာချက်အပါအဝင် NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အချို့က အများပြည်သူဝေဖန်ထောက်ပြစရာ အမိန့်ကြေညာချက်များအား ထုတ်ပြန်ခဲ့သည်။ ဝေဖန်မှုများထွက်ပေါ်အပြီးတွင် အဆိုပါအမိန့်ကြေညာချက်များအား ရုတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

“တရားမဲ့မှုကို အဆုံးသတ်၊ တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ရန် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရမည်ဖြစ်ပါတယ်” ဟု သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

NUG ထိန်းချုပ်နယ်မြေများတွင် ကြားကာလစီမံအုပ်ချုပ်မှုများမှာ ပိုမိုစနစ်ကျသော ဦးဆောင်မှု၊ ကြီးကြပ်မှု အချို့နေရာများတွင် လိုအပ်နေဆဲဖြစ်သည်ကို သိရှိပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာများကို အလေးအနက်ထား တတ်နိုင်သမျှ စုံစမ်းစစ်ဆေးနေကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှု ရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဦးကျော်ဇော်က အသိပေးသည်။

NUG တရားရေးဝန်ကြီးဌာနသည် အမှုပေါင်း ၁၈၀၀ ကျော်ကို လက်ခံရရှိပြီး အမှုပေါင်း ၁၀၂၀ ကို ကြားနာစစ်ဆေးကာ သက်ဆိုင်ရာတရားရုံးများမှ တရားဥပဒေနှင့်အညီ အပြစ်ရှိသူများအား ထိရောက်ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း ဦးကျော်ဇော်က ဆိုသည်။ စုစုပေါင်း အမှုပြီးပြတ်မှုရာခိုင်နှုန်းမှာ ၅၅ရာခိုင်နှုန်းဖြစ်သည်ဟု ဆက်ပြောသည်။

NUG သည် NUCC(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)နှင့် လက်တွဲဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု မူဝါဒရေးဆွဲရေးနှင့် တရားမျှတမှုရရှိစေရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် အဖက်ဖက်မှ စစ်ရှုံးနေသော အကြမ်းဖက်စစ်ကောင်စီသည် ကြံရာမရ အစွန်းရောက်လုပ်ဆောင်မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်းနှင့် အသက်မပြည့်သေးသည့် လူငယ်များပါမကျန် အတင်းအဓမ္မစစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို ရှောင်နိုင်ရန် ကြိုးစားနေသော လူငယ်များကို NUG က တတ်နိုင်သမျှ ကူညီပေးနေပြီး NUG ၏ တယ်လီဂရမ်ချန်နယ်ဖြစ်သည့် @nugpublicaffaisbot မှတဆင့် ဆက်သွယ်ကာ အကြံဥာဏ် တောင်းခံခြင်း၊ တိုင်ကြားခြင်းများ လုပ်ဆောင်နိုင်ကြောင်း ဦးကျော်ဇော်က ဆက်ပြောသည်။

“ကျွန်တော်အလေးပေးပြောချင်တာက အကြမ်းဖက်စစ်ကောင်စီရဲ့ ကျဆုံးခြင်းကို ဘယ်အရာကမျှ ရပ်တန့်နိုင်မှာမဟုတ်ပါဘူး” ဟု ဦးကျော်ဇော်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။