Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ

နှစ်သစ်ကူးည လူစည်ကားစေဖို့ မန္တလေးမြို့ရှိ လမ်းမနေရာအများအပြားမှာ ဆိုင်ဘုတ်ထောင်ပြီး လိုက်လံကြေငြာ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ
နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ

ဆိုင်းမင်း/People’s Spring

လာမယ့်နှစ်သစ်ကူးည အတွက် မန္တလေးကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်ဖို့ မန္တလေးစည်ပင်သာယာက စီစဥ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကျုံးတောင်ဘက်ခြမ်း ၆၆လမ်းနဲ့ ၂၆လမ်းထောင့်မှာ နှစ်သစ်ကူး Countdown ပွဲ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တွေပါဝင်မယ်လို့ မန္တလေးစည်ပင်ပိုင် သတင်းစာကနေ တဆင့်ကြေညာထားတာဖြစ်ပါတယ်။

” သတင်းစာကနဘယ်သူတွေလာမယ်ဆိုတာ ဆက်တိုက်ကြော်ငြာနေတာ၊ လူစည်ကားကြောင်းတမင်ပြချင်နေတာ”လို့ မန္တလေးမြို့ခံတစ်ဦးကပြော ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ လက်အောက်ခံ မန္တလေးစည်ပင်တို့ပူးပေါင်းပြီး နှစ်သစ်ကူးပွဲကို ပြုလုပ်မှာပါ။

အဲဒီပွဲမှာ အဆိုတော်နဲ့သရုပ်ဆောင်တွေကိုလည်း ငွေကြေးအကုန်ကျခံငှားရမ်းထားတယ်လို့ သိရပါတယ်။

နှစ်သစ်ကူးည လူစည်ကားစေဖို့ မန္တလေးမြို့ရှိ လမ်းမနေရာအများအပြားမှာ ဆိုင်ဘုတ်ထောင်ပြီး လိုက်လံကြေငြာ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဉပဒေစိုးမိုးမှု ပျက်ပြားနေပြီး လူသတ်မှု ၊ ဓားပြမှု၊ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ဒါအပြင် စစ်တပ်အတွက် လူအင်အားလိုတာကြောင့် လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲတာတွေရှိနေပြီး ညအချိန်မှာလည်း လူသွားလူလာပြတ်လပ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook