Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တွင် တာဝန်ထမ်းဆောင်ပြီးနောက် ကရင်နီပြည်ပြန်ရောက်ပြီး တိုက်ပွဲများပါဝင် တိုက်ခိုက်နေဟု KNDF​၏ စစ်ဦးစီးတပ် အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် တာဝန်ထမ်းဆောင်ပြီးနောက် ကရင်နီပြည်နယ်သို့ပြန်ရောက်ပြီး တိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ အမှတ် (၆၀၆)စစ်ဦးစီးတပ်က အသိပေး ထုတ်ပြန်သည်။

KNDF၏ စစ်ဦးစီးတပ် သို့မဟုတ် အမှတ်(၆၀၆) စစ်ဦးစီးတပ်ဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - KNDF ၆၀၆ စစ်ဦးစီးတပ်

ရဲခေါင်/People’s Spring

ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာတွင် စစ်ပညာသင်တာဝန် ထမ်းဆောင်ပြီး ၂၀၂၄တွင် ကရင်နီပြည်ပြန်ရောက်ချိန်တွင် KNDF​၏ စစ်ဦးစီးတပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီပြည်နယ်အနှံ့တိုက်ပွဲဖြစ်ပွားသောနေရာများတွင်အခြားသော KNDF တပ်ရင်းများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးတွင်ပါဝင်လှုပ်ရှားနေပြီး တပ်အင်အားဖြည့်တင်းကာ ကျစ်လျစ်သောတပ်ရင်း ဖြစ်စေရန်၊ ရှမ်းမြောက်မှသင်ယူခဲ့သော စစ်ပညာများ စစ်ရေးအတွေ့ကြုံများနှင့် စစ်နည်းဗျူဟာများကို ရဲဘော်များအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း အသိပေးသည်။

“ရှမ်းမြောက်တိုက်ပွဲ နှစ်နှစ်အတွင်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄အထိ KNDF က ၆၀၆ ဦးစီးတပ်အနေနဲ့ ပါဝင်ခဲ့တယ်။ဘာထူးမလဲဆိုတော့ အမိန့်စီးဆင်မှုတွေ၊စစ်ရေးအတွေ့အကြုံတွေ က ကရင်နီပြည်နယ်ထဲ ပိုထူးလာလိမ့်မယ်။ရှမ်းမြောက် မဟာမိတ်တပ်ပေါင်းစုစစ်ဆင်ရေးအောင်ပွဲတွေမှာ KNDF ရဲဘော် ၁၂ဦးကျဆုံးခဲ့တယ်လို့သိရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဦးစီးတပ်အား စနစ်ကျသည့်တပ်ရင်းဖြစ်စေရန် ညီနောင်မဟာမိတ်တပ်ကဲ့သို့ အမိန့်နာခံမှုအားကောင်းသော တပ်ပုံစံဖြင့်ကျင့်သုံးနေသည်ဟု ဖော်ပြသည်။

တပ်ရင်းအမှတ်(၆၀၆)စစ်ဦးစီးတပ်သည် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများ၊ အခြားသော KNDF တပ်ရင်းများ နှင့်အတူ ၂၀၂၄တွင် ကရင်နီပြည်နေရာအနှံ့တိုက်ပွဲဖြစ်ပွားသော မိုးဗြဲ(၄၂၂) ၊ ပဒါးညေး ၊ထေးပလောခူ ၊ နာနတ်တော ၊စက်မှုဇုန် ၊မိုင်းလုံး ၊ပန်ကန်း ၊ဖယ်ခုံ – ပင်လောင်းမြို့နယ်စပ် ပင်ဆုံ ၊ နွားလဝိုး နှင့် လင်ဖုံလေး ၊ ကုန်းသာကျေးရွာစသည့်နေရာများတွင် အမှတ်(၆၀၆)စစ်ဦးစီးတပ် ပါဝင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုတစ်လျှောက်တွင် အမှတ်(၆၀၆) စစ်ဦးစီးတပ်သည် စစ်ကောင်စီနှင့် (၅၂)အကြိမ် ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအများပြားကျဆုံး၍ စစ်အသုံးဆောင်ပစ္စည်းများနှင့် ရန်သူများ အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတစ်လျှောက်တွင် ဒဏ်ရာရသူအချို့ရှိပြီး ရဲဘော်သုံးဦး အသက်ပေးခဲ့ရပြီး ၎င်းတို့အတွက် အမှတ်(၆၀၆)စစ်ဦးစီးတပ်မှ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းဖော်ပြသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည့်အထိ ဆက်လက်တော်လှန်သွားပြီး တော်လှန်ရေးအပေါ် သစ္စာရှိစွာ ၂၀၂၅တွင် ပို၍ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း KNDF​၏ (၆၀၆)စစ်ဦးစီးတပ်က ကတိပြုသည်။

ရှမ်းမြောက်တိုက်ပွဲများတွင် (၆၀၆)တပ်ရင်းအနေ​ဖြင့် စစ်ကောင်စီ၏ သိန္နီတပ်မဟာ၊ ကွမ်းလုံဗျူဟာ၊ တရွီထန်ဗျူဟာနှင့် နန့်စလပ်ဗျူဟာ များကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလတစ် လျောက်တွင် ၆၀၆ တပ်ရင်းသည် အကောင်းဆုံးချေမှုန်းရေးဆုရရှိခဲ့ပြီး ၆၁၁တိုင်းရင်းသားတပ်မဟာ၏ စံပြတပ်ရင်းဆုကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး (၅)လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်သွားကြောင်း လွိုင်ကော်မြို့စစ်ဘေးရှောင်ကူညီနေသူအချို့က လူထုနွေဦးသို့ပြောသည်။

သတင်း

ယခုနှစ်သစ်တွင်အောင်ပွဲများရယူရန်ပြင်ဆင်နေပြီး ယုံကြည်မှုများရှိကာ စခန်းများ အပြီးသတ်သိမ်းနိုင်ရန် ကြိုးစားမည်ဟုလည်း KNDF ဥက္ကဌက ဆိုသည်။