Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဒေသခံ နှစ်ဦးသေဆုံး၊ ၂၇ဦး ဒဏ်ရာရ

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

(သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ချောင်းကြီးကျေးရွာကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး၂၇ဦးဒဏ်ရာရကာ အဆောင်အဦးတွေ ပျက်စီးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် တိုက်နယ်ပကဖ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂ရက် မနေ့ည ၈နာရီအချိန်မှာ စစ်ကောင်စီတပ်က ချောင်းကြီးကျေးရွာကို ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်း မရှိဘူး။လာကြဲသွားတာ။တစ်ညလုံးလည်း မအိပ်ရဲဘူး။လေယာဥ်သံနားစွင့် နေရတာ “လို့ မနေ့ညပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ချောင်းကြီးကျေးရွာထဲက အရပ်သားနေအိမ် ၂၃သုံး၊မီးသတ်ရုံး၊နတ်နန်းနဲ့လူမှုကူညီရေးကား ၅စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ချောင်းကြီးကျေးရွာဟာ စစ်ကောင်စီလက်လွှတ်ထားရတဲ့နေရာဖြစ်ပြီး ၂၀၂၃ သြဂုတ် ၁ရက်နေ့မှာ ချောင်းကြီးရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့တာပါ။

သပိတ်ကျင်းမြို့နယ် တွင်းငယ်နဲ့ (၇)မိုင်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို အဓိကထားကာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာလို့ သိရပါတယ်။

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်းမှာ စစ်ကောင်စီရဲ့ ‌လေကြောင်းတိုက်ခိုက်တာကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော်အထိ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နဲ့ ၂၀၂၅ ဇန်နဝါရီ ၁ ရက်မှာ မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊ကရင်နီပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့ရွာတွေကို ‌လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။