Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး စစ်ကောင်စီလွှတ်ပေးမယ်

ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာလာပါတယ်။

People’s Spring

ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာလာပါတယ်။

အရေအတွက် အတိအကျအားဖြင့် အကျဉ်းသူ၊ အကျဉ်းသား ဦးရေ ၅,၈၆၄ ဦးကိုပြန်လွှတ်ပေးမှာပါ။

ပြန်လွှတ်ပေးမယ့် သူတွေထဲမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် မှု ရှိ မရှိကို မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လွတ်ငြိမ်းတွေမှာတော့ ရာဇဝတ်မှုနဲ့ထောင်ချခံရသူတွေ အများအပြားပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးထောင်ချခံရသူဦးရေကလက်တစ်ဆုပ်စာသာ လွတ်မြောက်ခဲ့တာပါ။

ဒီနေ့ လွတ်ငြိမ်းမှာ ရန်ကုန်မြို့က အင်စိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းကြသူတွေ အများအပြား ရှိနေပါတယ်။ လွတ်ငြိမ်းခွင့်ရမယ့်သူတွေကို သယ်ဆောင်လာမယ့် YBS ကားအဝါကြီးတွေကတော့ အင်းစိန်ထောင်ထဲ ဝင်ရောက်သွားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး အဲဒီအထဲက ၂၁,၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉, ၉၅၈ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စာရင်းပြုစုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။