Connect with us

Hi, what are you looking for?

သတင်း

ခမရ(၅၈၃)တပ်ရင်းကို PDFပူးပေါင်းတပ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးဟု တောင်ပိုင်းစစ်ဒေသ အသိပေး

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၈၃)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) ထုတ်ပြန်သည်။

ခမရ(၅၈၃)တပ်ရင်းကို PDFပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ဟန်နွေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၈၃)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာ ၃၁ရက်တွင် ရေးမြို့နယ်၊ကျောင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ခမရ (၅၈၃)အတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။

“ အခုထိတော့ နှစ်ဖက်ဆိုင်ထားတုန်းပါ။ ပြည်သူအများစုနေထိုင်တဲ့ ကျောက်မီးကျောင်းရွာထဲ ကျူံလောင်းရွာဟောင်းစာသင်ကျောင်းထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်နေလို့ ကျနော်တို့ဒေါနတပ်ရင်းနှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှာ လက်နက်ကြီးအမြဲတမ်းပစ်နေတဲ့ခလရ (၅၈၃)တပ်ရင်းထဲကို ၆၀မမနဲ့သွားရောက်ပစ်ခတ်တာ”ဟု ဒေါနစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ်(၆)သင်တန်းဆင်းများဖြင့် စစ်ကောင်စီတပ်ရင်းများကို အင်အားဖြည့်တင်းထားသည်ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။

ဒေါနစစ်ကြောင်းသည် မွန်၊ တနင်္သာရီဒေသတွင် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF တပ်ရင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကန့်ဘလူနဲ့ခင်ဦး မြို့နယ်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတဲ့ တပ်မ(၃၃)လက်​အောက်ခံတပ်ရဲ့စစ်​ကြောင်းက ဖမ်းမိထားတဲ့ စစ်သုံပန်းတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟာမိတ်များနှင့် ညီညွတ်မှုထိခိုက်စေနိုင်သည့် အပြုအမူ အပြောအဆိုများ မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက တိုက်တွန်းလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တောပုပျူစောထီး ကျေးရွာကို PDF ပူး ပေါင်းတပ်တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ‌ ‌‌ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူး ပြောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန် - မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသက ယနေ့(မတ်လ ၈ရက်)ထုတ်ပြန်အသိပေးသည်။