Connect with us

Hi, what are you looking for?

သတင်း

လွတ်ငြိမ်းတွင် နိုင်ကျဉ်းအရေအတွက်လိမ်လည်ပြောဆိုသည့်စစ်ကောင်စီ၏လုပ်ရပ်အပေါ် ရှုတ်ချကြောင်း နိုင်ကျဉ်းဟောင်းများ ထုတ်ပြန်

ပြီးခဲ့သည့်လွတ်လပ်ရေးနေ့၌ လွတ်ငြိမ်းခွင့်ပေးသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို လိမ်လည်‌ကြေညာခဲ့သည့်စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးက စုပေါင်း၍ သဘောထားထုတ်ပြန်သည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့၌ စောင့်ဆိုင်းနေကြသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS

သတိုး/People’s Spring

ပြီးခဲ့သည့်လွတ်လပ်ရေးနေ့၌ လွတ်ငြိမ်းခွင့်ပေးသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို လိမ်လည်‌ကြေညာခဲ့သည့်စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးက စုပေါင်း၍ သဘောထားထုတ်ပြန်သည်။

“နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေး ခြေနင်းခုံအဖြစ်ချနင်း၍ ပြည်သူလူထုနှင့် တစ်ကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားသော စစ်ကောင်စီ၏ လုပ်ရပ်ကို မိမိတို့နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”ဟု ကြေညာချက်၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၄ ရက်တွင် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၅,၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပုဒ်မ(၅၀၅) ဖြင့်အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ပါဝင်သည်ဟု စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းအချက်အလက်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ အကျဉ်းစခန်း ၄၂ ခုမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ကျော်သာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က သတင်းထုတ်ပြန်ထားသည်။

“အထက်ပါကိစ္စရပ်ကဲ့သို့ ယုံကြည်ချက်ကြောင့်ဘအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် ယင်းတို့၏မိသားစုဝင်များကို အသုံးပြု၍ စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်နေခြင်းကို မိမိတို့ နိုင်ငံရေးအကျဉ်းသား‌ဟောင်း များအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို အသုံးချ၍ လိမ်လည်မှုကျူးလွန်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပဲ အကြိမ်ကြိမ်ကျူးလွန်ခဲ့ခြင်းဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုဗျတ္တက ပြောသည်။

“စစ်ကောင်စီရဲ့ လုပ်ရပ်တိုင်း၊ ပြောဆိုမှုတိုင်းကို ကျနော်တို့က ယုံကြည်မှုလုံး၀မရှိပါဘူး ။ဒါက စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုစိတ် ဖြေလျှော့ပေးလိုစိတ်လုံးလုံးကင်းမဲ့တာကို ဖော်ပြနေတာဖြစ်သလို

မဖြစ်သာလို့ နိုင်ငံတကာဖိအားလျော့အောင် ဖြေလျှော့ပေးရရင်တောင် အခုလို ထင်ယောင် ထင်မှား ဖြစ်စေသော ထုတ်ပြန်ချက်တွေနဲ့ အချက်အလက်၊ အရေအတွက်တွေ လိမ်လည် ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။