Connect with us

Hi, what are you looking for?

သတင်း

စလင်းပကဖ အမည်သုံး၍ လိမ်လည်မှုများရှိနေကြောင်း တာဝန်ရှိသူပြော

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ရက်က စလင်းပကဖ ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

တေဇ/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ကျနော်တို့ စလင်း ပကဖအဖွဲ့အစည်းနာမည်၊logo တွေကိုယူသုံးပြီး စလင်းမြို့နယ်မှစီးပွားရေးလုပ်ငန်းရှင်တွေဆီကို တော်လှန်ပုံရိပ်ကျဆင်းအောင် လိမ်လည်ပြီးငွေလိုက်လံတောင်းခံနေလို့ပါဗျ

လုပ်ငန်းရှင်တော်တော်များတယ်။ ကျနော်တို့အနေနဲ့ ဒါမျိူးစာထုတ်ပြီးမည်သူတစ်ဦးတယောက်ကိုမှ တော်လှန်ရေးပုံရိပ်ကျဆင်းအောင် တောင်းခံတာမျိူးတွေပြုမှာမဟုတ်တဲ့အတွက် ဒီလိုတောင်းခံတာမျိူးတွေရှိရင်အောင် ကျနော်သက်ဆိုင်ရာ page, telegram နှင့် ဆက်သွယ်ရမဲ့ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းပေးပါလို့ပြောချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေပြင်းထန်လာမည်ကိုအကြောင်းပြ၍ အရေးပေါ်ရန်ပုံငွေထည့်ရန် စီးပွားရေးလုပ်ငန်းရှင်းများထံသို့ စလင်း ပကဖ၏ အမည် ၊ လိုဂိုများအသုံးပြုကာ စာများပေးပို့ခြင်းဖြစ်ပြီး ရန်ပုံငွေထည့်လျှင် စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားနှင့်အဆောက်အဦးများကို ထိန်းသိမ်းပေးသွားမည်ဟု ခြိမ်းခြောက်သည့် ပုံစံဖြင့် ရေးသားထားသည်။

ယင်းကိစ္စကို စလင်း ပကဖအနေဖြင့် လုံးဝမသိသလို သက်ဆိုင်ခြင်းလည်းမရှိကြောင်း နှင့် ယင်းကဲ့သို့ လုပ်ဆောင်နေသူများကို စုံစမ်း စစ်ဆေးကာ အရေးယူသွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ထိုကဲ့သို့ ခြိမ်းခြောက်စာများလက်ခံရရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း Page Messenger ၊Telegramနှင့် ဖုန်းနံပတ် 09952666557ကို ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း စလင်း ပကဖက အသိပေးထားသည်။

ဇန်နဝါရီ ၅ ရက်က စလင်းမြို့အနီး လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေသော စလင်းပကဖ ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၀၀ခန့်ဖြင့် စစ်ကူ စစ်ကြောင်းများ ရောက်ရှိသောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ဆောင်းပါး

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

ဆောင်းပါး

လူငယ်က အိမ်ထဲဝင်လာပြီးတော့ စာရွက်စာတမ်းတွေနဲ့အဘရဲ့အသက်တို့နာမည်တို့ရေးမှတ်တယ်။ သူ့အဖွဲ့တွေက ဘေးအိမ်မှာ ကန်တော့နေပြီး အဘကိုလည်း ကန်တော့တော့မှာမို့ နေရာပြင်ထားဖို့ ပြောတယ်။ အဘလည်း နေရာလေးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ခုံတွေပစ္စည်းတွေ ဟိုရွှေ့သည်ရွှေ့လုပ်တယ်။