Connect with us

Hi, what are you looking for?

သတင်း

စလင်းပကဖ အမည်သုံး၍ လိမ်လည်မှုများရှိနေကြောင်း တာဝန်ရှိသူပြော

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ရက်က စလင်းပကဖ ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

တေဇ/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ကျနော်တို့ စလင်း ပကဖအဖွဲ့အစည်းနာမည်၊logo တွေကိုယူသုံးပြီး စလင်းမြို့နယ်မှစီးပွားရေးလုပ်ငန်းရှင်တွေဆီကို တော်လှန်ပုံရိပ်ကျဆင်းအောင် လိမ်လည်ပြီးငွေလိုက်လံတောင်းခံနေလို့ပါဗျ

လုပ်ငန်းရှင်တော်တော်များတယ်။ ကျနော်တို့အနေနဲ့ ဒါမျိူးစာထုတ်ပြီးမည်သူတစ်ဦးတယောက်ကိုမှ တော်လှန်ရေးပုံရိပ်ကျဆင်းအောင် တောင်းခံတာမျိူးတွေပြုမှာမဟုတ်တဲ့အတွက် ဒီလိုတောင်းခံတာမျိူးတွေရှိရင်အောင် ကျနော်သက်ဆိုင်ရာ page, telegram နှင့် ဆက်သွယ်ရမဲ့ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းပေးပါလို့ပြောချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေပြင်းထန်လာမည်ကိုအကြောင်းပြ၍ အရေးပေါ်ရန်ပုံငွေထည့်ရန် စီးပွားရေးလုပ်ငန်းရှင်းများထံသို့ စလင်း ပကဖ၏ အမည် ၊ လိုဂိုများအသုံးပြုကာ စာများပေးပို့ခြင်းဖြစ်ပြီး ရန်ပုံငွေထည့်လျှင် စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားနှင့်အဆောက်အဦးများကို ထိန်းသိမ်းပေးသွားမည်ဟု ခြိမ်းခြောက်သည့် ပုံစံဖြင့် ရေးသားထားသည်။

ယင်းကိစ္စကို စလင်း ပကဖအနေဖြင့် လုံးဝမသိသလို သက်ဆိုင်ခြင်းလည်းမရှိကြောင်း နှင့် ယင်းကဲ့သို့ လုပ်ဆောင်နေသူများကို စုံစမ်း စစ်ဆေးကာ အရေးယူသွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ထိုကဲ့သို့ ခြိမ်းခြောက်စာများလက်ခံရရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း Page Messenger ၊Telegramနှင့် ဖုန်းနံပတ် 09952666557ကို ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း စလင်း ပကဖက အသိပေးထားသည်။

ဇန်နဝါရီ ၅ ရက်က စလင်းမြို့အနီး လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေသော စလင်းပကဖ ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၀၀ခန့်ဖြင့် စစ်ကူ စစ်ကြောင်းများ ရောက်ရှိသောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းအနောက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကို ဓာတ်အားပေးနေသည့် ဓာတ်အားခွဲရုံကာကွယ်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက Mi35ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမသိရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ရေဘေးလှူသည့် K pay အကောင့်များကို က​မ္ဘာဇ(KBZ )ဘဏ်က ပိတ်သိမ်း​ရှိ​နေသလို၊ Kpay Call Center အမည်ဖြင့် လိမ်လည်မှု ရှိလာကြောင်း ရန်ကုန်မြို့နေသူများက လူထုနွေဦးသို့ ပြောသည်။