Connect with us

Hi, what are you looking for?

သတင်း

မန်းရွှေစက်တော်အနီး ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူး PDF ထုတ်ပြန်

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့လာပြီး ပြည်သူများကို ဖမ်းဆီးနေခြင်းကြောင့် မန်းရွှေစက်တော်ဘုရားသို့ ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း က ယ​​နေ့( ဇန်နဝါရီ ၇ ရက်​နေ့)မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

မန်း​ရွှေစက်​တော်ကို​တွေ့ရစဥ်။ MOI

တာရာ/People’s Spring

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့လာပြီး ပြည်သူများကို ဖမ်းဆီးနေခြင်းကြောင့် မန်းရွှေစက်တော်ဘုရားသို့ ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း က ယ​​နေ့( ဇန်နဝါရီ ၇ ရက်​နေ့)မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကမန်းရွှေစက်တော်ဘုရားပွဲကျင်းပရန်အတွက် အနီးအနားရှိ ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်၍ ဘုရားသို့ပြည်သူများသွားလာခြင်းမပြုရန် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူကပြောသည်။

“လူတွေကို ဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းတာ၊ ငွေညှစ်တာတွေလုပ်နေလို့ပြည်သူတွေဘုရားအနားကို သွားလာခြင်းမပြုရန် တောင်းဆိုပါတယ်”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးရှိ ကျေးရွာများဖြစ်သည့် ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းနှင့် မိုင်းထောင်များပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

ထိုကြောင့် ထိုကျေးရွာများက ပြည်သူတစ်ထောင်ကျော် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဆိုထားသည်။ ပြည်သူများအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းကို အသုံးပြုခြင်းမပြုကြရန် နှင့် စစ်ကောင်စီတပ်၊ ရဲများ အနီးအနားတွင် သွားလာနေထိုင်ခြင်းမပြုကြရန်လည်း အဆိုပါတပ်ရင်းကဆိုထားသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိကျင်းပရန် စီစဉ်ထားပြီး ဆိုင်ခန်းများအတွက် လေလံပွဲများလည်း ဆောင်ရွက်နေသည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။