Connect with us

Hi, what are you looking for?

သတင်း

မန်းရွှေစက်တော်အနီး ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူး PDF ထုတ်ပြန်

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့လာပြီး ပြည်သူများကို ဖမ်းဆီးနေခြင်းကြောင့် မန်းရွှေစက်တော်ဘုရားသို့ ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း က ယ​​နေ့( ဇန်နဝါရီ ၇ ရက်​နေ့)မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

မန်း​ရွှေစက်​တော်ကို​တွေ့ရစဥ်။ MOI

တာရာ/People’s Spring

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့လာပြီး ပြည်သူများကို ဖမ်းဆီးနေခြင်းကြောင့် မန်းရွှေစက်တော်ဘုရားသို့ ပြည်သူများသွားလာခြင်းမပြုရန် မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း က ယ​​နေ့( ဇန်နဝါရီ ၇ ရက်​နေ့)မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကမန်းရွှေစက်တော်ဘုရားပွဲကျင်းပရန်အတွက် အနီးအနားရှိ ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်၍ ဘုရားသို့ပြည်သူများသွားလာခြင်းမပြုရန် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူကပြောသည်။

“လူတွေကို ဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းတာ၊ ငွေညှစ်တာတွေလုပ်နေလို့ပြည်သူတွေဘုရားအနားကို သွားလာခြင်းမပြုရန် တောင်းဆိုပါတယ်”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးရှိ ကျေးရွာများဖြစ်သည့် ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းနှင့် မိုင်းထောင်များပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

ထိုကြောင့် ထိုကျေးရွာများက ပြည်သူတစ်ထောင်ကျော် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဆိုထားသည်။ ပြည်သူများအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းကို အသုံးပြုခြင်းမပြုကြရန် နှင့် စစ်ကောင်စီတပ်၊ ရဲများ အနီးအနားတွင် သွားလာနေထိုင်ခြင်းမပြုကြရန်လည်း အဆိုပါတပ်ရင်းကဆိုထားသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိကျင်းပရန် စီစဉ်ထားပြီး ဆိုင်ခန်းများအတွက် လေလံပွဲများလည်း ဆောင်ရွက်နေသည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သို့ စစ်ကောင်စီက လေကြောင်းမှ ပို့ဆောင်ခဲ့သည့် စစ်သားများ တပ်စွဲထားသော တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံနှင့်အမြောက်တပ်စခန်းကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းယူလိုက်သည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးတွင် ပေါ်တာဆွဲခြင်း၊ ပြည်သူလူထုထံမှ ပစ္စည်းများလုယက်ခြင်းများပြုလုပ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

သတင်း

မန်းရွှေစက်တော်အနီးရှိ ဘုရားရွာမှ လူငယ် ၃ ဦးကို ဒီဇင်ဘာလဆန်းပိုင်းတွင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသေးသည်ဟု ​ဒေသခံတစ်ဦးကဆက်ပြောသည်။

သတင်း

တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ်(၈)တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။