Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု နေအိမ်များနှင့် ဘုန်းကြီးကျောင်း ပျက်စီး

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - File

ထားမြတ်၊ကဖေး/People’s Spring

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂေါက်ကွင်းတွင် ဗုံး (၁၄)လုံးနှင့် မစိုးရိမ်ကျောင်းတိုက်တွင် ဗုံး (၅)လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဥ်(၁)စီး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံပြည်သူလူထုထိခိုက်သေဆုံးမှု တစ်စုံတရာမသိရသေးဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဆင်၊ဘော်မားရပ်ကွက်ကိုလည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

” အလုံး ၃၀ကျော်ပြီ ကြဲတာ။ တခါကြဲရင် ၆လုံး မကဘူး။ ဂေါက်ကွင်းဘက်ကို ကြဲတာ”ဟု မိုးကုတ်မြို့အနီးတွင် စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင်သိမ်းယူခဲ့ပြီး မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။

တိုက်ပွဲများဖြစ်ပွားစဉ်က တိမ်းရှောင်ခဲ့သည့်ဒေသခံများသည် လက်ရှိတွင် မိုးကုတ်မြို့၌ပြန်လည်အခြေချနေသည်။

မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက်ညတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ထားပြီး ယခုအခါ နှစ်လခန့်အကြာတွင် ပထမဆုံးအကြိမ် လေကြောင်းပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသား ၁၆ ဦး၊အမျိုးသမီး လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက် ည ၉နာရီခန့်ကလည်း နောင်ချိုမြို့နယ် ဆီစုံကျေးရွာဘုန်းကြီးကျောင်းအား ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ စစ်ရှုံးပြီး လက်လွှတ်ခဲ့ရသည့် မြို့ရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေ၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ ဒေသအသီးသီး၌ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။