Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်အားလုံး တော်လှန်ပြည်သူ့ဘက်လာရောက်ပူးပေါင်းကြရန် KPFထံအလင်းဝင်လာသည့် ပြည်သူ့စစ်အရာရှိ တိုက်တွန်း

ပြည်သူ့စစ်များအားလုံး ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ စစ်အာဏာရှင်အုပ်စုကို တော်လှန်ကြရန် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ထံ ခိုလှုံသူ ပြည်သူ့စစ်အရာရှိက တိုက်တွန်းလိုက်သည်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ထံ ခိုလှုံသူ ပြည်သူ့စစ်အရာရှိအား တွေ့ရစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ပြည်သူ့စစ်များအားလုံး ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ စစ်အာဏာရှင်အုပ်စုကို တော်လှန်ကြရန် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ထံ ခိုလှုံသူ ပြည်သူ့စစ်အရာရှိက တိုက်တွန်းလိုက်သည်။

အဆိုပါ အရာရှိက ပြည်သူ့စစ်များအား တိုက်တွန်းသည့် ပြောကြားချက် ရုပ်သံကို KPFက ဇန်နဝါရီ ၈ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာ ပြည်သူ့တော်လှန်ရေးနဲ့ စစ်အာဏာရူးအုပ်စုအတွက် အလုပ်လုပ်မလားဆိုပြီး ရွေးချယ်စရာ နှစ်ခုထဲက တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် ကျနော်လည်း ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်အုပ်စုကို တော်လှန်ဖို့ ရွေးချယ်ပြီး KPFထံ ပူးပေါင်းခဲ့တာဖြစ်ပါတယ်”ဟု ပြည်သူ့စစ်အရာရှိက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ပွဲသည် လူမျိုးရေးတိုက်ပွဲ၊ နယ်မြေစိုးမိုးရေးတိုက်ပွဲမဟုတ်ကြောင်း ၎င်းက ဆိုသည်။

” ကျနော်တို့ နိုင်ငံကို နှစ်ပေါင်းမြောက်များစွာ လက်နက်အားကိုးနဲ့အနိုင်ကျင့်ကာ မတရားဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်အုပ်စုလက်အောက် မှ လွတ်မြောက်နိုင်ရေး ပြည်သူ့တော်လှန်ရေး တိုက်ပွဲဖြစ်တယ်ဆိုတာ သိစေချင်တယ်။ဒါကြောင့် ကိုယ့်အချင်းချင်းထိခိုက်မှုမရှိအောင် ကိုယ့်ဒေသခံ အချင်းချင်း ထိခိုက်သေဆုံးမှု မရှိအောင် ဒီတိုက်ပွဲမှာ ပြည်သူလူထုပါဝင်တဲ့ စစ်အာဏာရှင် အုပ်စု ကျဆုံးရေး တော်လှန်ပြည်သူ့ဘက်မှာ လာရောက်ပူးပေါင်းစေချင်ပါတယ်”ဟု KPFထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အရာရှိက တိုက်တွန်းသည်။

KPFသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

KIAသည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ စိုးမိုးထားသည့် ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ပန်ဝါ၊ ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တီ၊ ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ ကန်ဖန့် စသည့် ဒေသများကို သိမ်းပိုက်ခဲ့ရာ အဆိုပါစစ်ဆင်ရေးတွင်လည်း ပြည်သူ့စစ်များက KIAနှင့် ပူးပေါင်း အလင်းဝင်ခဲ့မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသ သိမ်းပိုက်စဉ် ဖမ်းမိခဲ့သည့် ပြည်သူ့စစ်များကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ထုတ်ပြန် အသိပေးသည်။