Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်လာမှာမို့ လုံခြုံရေးတွေ တင်းကြပ်

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းနေတဲ့ စစ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - AFP

မေ/People’s Spring

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ကိုအဓိကထား လုံခြုံရေးတင်းကြပ်ထားပြီး ဇန်နဝါရီ ၉ရက်နေ့ မနေ့ကတည်းက မြို့အဝင်စစ်ဆေးတာတွေနဲ့ မြို့တွင်းဖုန်းစစ်ဆေးတာတွေပြုလုပ်နေတာလို့မြို့ခံတွေက ပြောပါတယ်။

“မအလမဟုတ်ရင် ဒုချုပ်စိုးဝင်း ခရီးစဥ်ရှိတယ်ပြောတယ်။ဒီနေ့အထိ လုံခြုံရေးကြပ်ထားတယ်။ခရီးစဥ်ကိုရက်အတိကျ​ပြောမထားသလို ဘယ်သူဆိုလာမယ်ဆိုတာလည်းအောက်ခြေကိုပေးမသိထားဘူး”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီအဖွဲ့က လုံခြုံရေးတွေချပြီး ဖုန်းစစ်ဆေးတာနဲ့ လူငယ်တွေရဲ့ဖုန်းဖြင့် အသုံးချပြီး လုပ်ငန်းရှင်တွေထံ ငွေညစ်တာတွေ လုပ်နေတယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” ၂၁ရပ်ကွက်ဖြစ်တာ။ ကျန်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာလဲ အတင်းအဓ္ဓမပေါ်တင်ဆွဲ စစ်သားသစ်စုဆောင်နေသလို စစ်မှုမထမ်း ရှောင်လိုရင် ကျပ်သိန်းတစ်ရာထိ ငွေညစ်နေတာမျိုးထိ လုပ်နေတာရှိပါတယ်။ အသံမထွက်ရဲကြလို့ နေကြတာပါ”ဟု သူက ပြောပါတယ်။

မန္တလေးမြို့မှာလည်း ဒီကနေ့မှာ စစ်တပ်က ကားနဲ့မြို့တွင်း လုံခြုံရေးတွေလိုက်ချထားတယ်လို့သိရပါတယ်။

မန္တလေးမြို့ လမ်း၈၀ကနေ ဘုရားကြီးသွားတဲ့လမ်း၊ကျုံးအရှေ့ဘက်က ဝန်ထမ်းအိမ်ယာတွေအနီး၊မိန်းထဲနေရာတချို့ကို ဒီကနေ့မနက်ပိုင်းကတည်းက စစ်တပ်လုံခြုံရေးချထားတယ်လို့သိရပါတယ်။

“မန္တလေးမှာရောက်နေပြီထင်တယ်။ကားတန်းတခုတွေ့တယ်။အရင်ကလို သိသိသာသာလူကြီးလမ်းကြောင်းပုံစံမျိုးလာတာမဟုတ်ဘူး”လို့ မဟာမုနိဘုရားကြီးဘက်မှာ ယာဥ်တန်းကို မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောပါတယ်။

အလယ်ပိုင်းဒေသကို နယ်မြေစိုးမိုးမှုရယူဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲမှာ ယခုရက်ပိုင်းအတွင်း အစည်းအဝေးလုပ်ဖို့ရှိတယ်လို့ သတင်းရထားပြီး အစည်းအဝေးကို ဘယ်သူတက်မယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ စစ်ရေးသတင်းအရင်းမြစ်တွေကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။