Connect with us

Hi, what are you looking for?

သတင်း

ခမရ(၅၅၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်များယူလာပြီး ဒေါနတပ်ရင်းထံ အလင်းဝင်

စစ်ကောင်စီတပ်၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၅၉)တပ်ရင်းမှ တပ်သားသစ် ၂ဦးသည် လက်နက်များယူဆောင်ကာ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၅၉)တပ်ရင်းမှ တပ်သားသစ် ၂ဦးသည် လက်နက်များယူဆောင်ကာ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

အမှတ်(၁၂ )တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း သင်တန်းအပတ်စဉ် (၅)ဆင်းတပ်သားများဖြစ်ကြသည့် တပ်သား စန်းထွန်းအောင်နှင့် တပ်သားအောင်မျိုးကျော်တို့သည် ဇန်နဝါရီ ၁၁ရက်တွင် MA -3 ၁လက်၊ MA -1 ၁လက် နှင့် ကျည်များ ယူဆောင်အလင်းဝင်လာခြင်းဖြစ်သည်ဟုဆိုသည်။

” အဲဒီ ရဲဘော်တွေကလည်း တပ်သားတွေကလည်း စိတ်ပါလို့ ကိုယ်တိုင်လုပ်ချင်လို့ ဝင်လာတာ မဟုတ်ဘဲနဲ့အကြမ်းဖက်စစ်ကောင်စီက ပြန်ပေးဆွဲတယ် အတင်းအဓမ္မ စစ်သားစုဆောင်းပြီး တော့ အတင်းအကြပ်လုပ်လို့သာ အခုလိုမျိုး ဖြစ်တဲ့အတွက် စိတ်ဓာတ်ရှိလို့ ဝင်လာတဲ့ဟာမဟုတ်တဲ့အတွက် ဘယ်လိုမှ သူတို့ အနေနဲ့ တိုက်ချင်ခိုက်ချင်စိတ်နဲ့ လုပ်တာမဟုတ်တဲ့အတွက် နောက်ထပ် အများကြီး ဝင်လာဖို့လည်းရှိတယ်”ဟု ဒေါနတပ်ရင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း

အလင်းဝင်လာသည့် တပ်သား ၂ဦးသည် ကင်းချိန်တွင် လက်နက်များယူဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါတပ်သား(၂)ဦးသည် မတရားအတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင်ပါဝင်ခဲ့ကြရသူများဖြစ်ကြောင်း ဒေါနတပ်ရင်းက အသိပေးသည်။

“ကျနော်တို့က သင်တန်းကာလကတည်းကထွက်ပြေးဖို့ကြိုးစားနေတာပါ။ အမြဲဒီကထွက်သွားဖို့ပဲ စဉ်းစားထားတဲ့အတွက် အခု ကင်းချိန်မှာ အလစ်ရတာနှင့်တစ်ပြိုင်ထည်း ချိတ်ဆက်ပြီး ထွက်လာတာပါ”ဟု အလင်းဝင် လာသည့် တပ်သားတစ်ဦး၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်သည်။

ဒေါနတပ်ရင်းအနေနှင့် CDMအလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားရှိလျက်ရှိသကဲ့သို့ တပ်ရင်း၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေဖြင့် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော်သားများလည်း ရှိကြောင်း အသိပေးသည်။

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင်ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်းလည်း တိုက်တွန်းထားသည်။

” ကျနော်တို့ဘက်ကို ကောင်းကောင်းမွန်မွန်ဝင်လာရင်တော့ ကျနော်တို့က လှိုက်လှိုက်လှဲလှဲကြိုဆိုမယ်ပေါ့နော်။ အဲဒီလို မဝင်လာဘဲနဲ့ဆိုရင် ကိုယ့်သမိုင်းပဲလေ ကိုယ်ရွေးချယ်တဲ့ သမိုင်းပဲ” ဟု ဒေါနတပ်ရင်းစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ပြည်သူ့ဘက်ပူးပေါင်းလိုပါက ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းများကိုလည်း ဒေါနတပ်ရင်းက အသိပေးထားရာ Telegram / +66988960058 /@naingyan၊ Signal / +66988960058 / @yai.08Viber / +66659905540၊ ဖုန်း – 09884896475တို့ကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ နှစ်ကုန်ပိုင်းကလည်း စစ်သားစုဆောင်းခံရသည့် တပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်သားများ ဒေါနတပ်ရင်းထံ လက်နက်များနှင့်အတူအလင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဒေါနတပ်ရင်းသည် တနင်္သာရီ၊ မွန်ဒေသများ၌ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။