Connect with us

Hi, what are you looking for?

သတင်း

တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF ​တွေတိုက်ခိုက်

တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးကပြောပါတယ်။

စစ်တပ်ထံမှPDF​တွေ သိမ်းဆည်းရရှိခဲ့တဲ့​သေနတ်နဲ့ကျည်​ဘောက်။ဓါတ်ပုံ-မြင်းခြံခရိုင်အမှတ်(၃) တပ်ရင်း

ရှိန်း/People’s Spring

တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးကပြောပါတယ်။

ဇန်နဝါရီလ (၁၃ )ရက်နေ့နေ့လည်၁၂ နာရီ၁၅မိနစ်မှာ တောင်သာမြို့၊အထက၁ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်​ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ဒဏ်ရာရတွေလည်းရှိတယ်။သူတို့အလစ်အငိုက်တိုက်ခံရတာ”လို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှူးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။

အထက(၁)မှာ စစ်သား၄၀​ကျော်လောက်တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊မြို့ဝင်ဂိတ်တွေနဲ့ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။

တော်လှန်ရေးတပ်တွေဝင်တိုက်စဥ်တခြားနေရာတွေကိုစစ်သားတွေကလုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁​ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်​ပြောပါတယ်။

စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃) ရဲ့အလံကိုလွင့်ခဲ့သလို မြို့တွင်းကစစ်ကောင်စီဂိတ်တွေအားလုံးကိုလည်းဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်ရင်းမှူးကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ RPGကိုပါအသုံးပြုတိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီလက်နက်တွေအပျက်အစီးရှိခဲ့ပြီး MA-1တလက်နဲ့ ကျည်ဘောက်၊ကျည်တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။