Connect with us

Hi, what are you looking for?

သတင်း

လူပျောက်မှုတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၁၂ ဦးကို ထိုင်းနဲ့တရုတ် ရဲတပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးဟုဆို

လူပျောက်တိုင်ကြားထားတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၁၂ ဦးကို ထိုင်းနဲ့ တရုတ် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရတယ်ဆိုတဲ့တရုတ်မင်းသားကို ကယ်တင်ခဲ့ပြီး​နောက် ထိုင်းရဲတပ်ဖွဲနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ- Khaosod English

လူပျောက်တိုင်ကြားထားတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၁၂ ဦးကို ထိုင်းနဲ့ တရုတ် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ လူကုန်ကူးမှုတွေမှာ သားကောင်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ တရုတ် နိုင်ငံသားတွေ အရေးကိုထိုင်းနဲ့ ပူးပေါင်း စုံစမ်းမှုတွေ ပြုလုပ်နေကြောင်း၊ အဲဒီ အမှုတွေနဲ့ ဆက်နွှယ်ပြီး သံသယရှိသူ နိုင်ငံသားနဲ့ နိုင်ငံခြားသား ၁၂ ဦးကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖမ်းဆီးထားကြောင်း တရုတ် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကျားဖြန့်ဂိုဏ်းတွေနဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ရေးအတွက် အပြင်းအထန် ဖိအားပေး လုပ်ဆောင်ဖို့ တရုတ်က သံန္နိဋ္ဌာန် ချထားပြီး ဖြစ်တယ်လို့လည်း ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နှစ်နိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးမှုတွေကို ဘယ်အချိန်၊ ဘယ်နေရာတွေမှာ လုပ်ဆောင်ခဲ့သလဲ ဆိုတာနဲ့ အဖမ်းခံရသူတွေ ဘယ်သူလဲ ဆိုတာကိုတော့ တရုတ်က လတ်တလော အတိအကျ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ အခြေချ လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ မက်လုံးပေး ခေါ်ယူပြီး လူကုန်ကူးတဲ့ ဖြစ်စဉ်တွေ အရင်ကတည်းက ရှိနှင့်ခဲ့ပြီးသားပါ။

ဒါပေမဲ့လည်း အခုလ အစောပိုင်းမှာ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်က ထိုင်းနိုင်ငံကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ကို လူမှောင်ခို ကူးခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အဲဒီ မှုခင်းတွေအပေါ် နိုင်ငံတကာ အာရုံစိုက်မှု ပိုမိုမြင့်တက်လာပါတယ်။

ထိုင်းရဲတွေရဲ့ ညှိနှိုင်းကူညီပေးမှုကြောင့် ဝမ်ကျင်ဟာ ရက်ပိုင်းအကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် သူ့လိုပဲ လူကုန်ကူး ခံရတယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် ပျောက်ဆုံးနေတဲ့ နောက်ထပ် တရုတ်နိုင်ငံသားတွေအကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကျားဖြန့်တွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေကို တိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် အားထုတ်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) နိုင်ငံတွေကို တိုက်တွန်း တောင်းဆိုခဲ့ပြီး အဲဒီ ဒုစရိုက်ဂိုဏ်းတွေဟာ တရုတ်သာ မကဘဲ တခြားနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။