Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တစ်လအတွင်း လူငယ် ၄၀၀ ခန့် ပေါ်တာဆွဲခံရတယ်လို့ သပိတ်အင်အားစုဆို

စစ်မှုထမ်းဥပဒေအကြောင်းပြ ပြီး မန္တလေးမှာ တစ်လတာအတွင်းစစ်ကောင်စီက လူငယ်ဦးရေ ၄၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ စစ်မှုထမ်းစုဆောင်းခံရသူတွေ ပို့ဆောင်ခံရပုံ(ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

စစ်မှုထမ်းဥပဒေအကြောင်းပြ ပြီး မန္တလေးမှာ တစ်လတာအတွင်းစစ်ကောင်စီက လူငယ်ဦးရေ ၄၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။

မန္တလေး သပိတ်အင်အားစု ရဲ့ ဖေ့ဘွတ်ခ်ကနေ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဇန်နဝါရီလ ၁၅ ရက်အထိ မန္တလေးမြို့ပေါ် မြို့နယ် ၇ ခုက လူငယ် ၃၈၈ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ လူငယ် ၂၆၆ ဦး​၊ အခုနှစ်ဆန်း ဇန်နဝါရီလ ၁ ရက်ကနေ ဇန်နဝါရီလ ၁၅ ရက်အထိ လူငယ် ၁၂၂ ဦး ဖမ်းခံရတာလို့ မန္တလေး သပိတ်အင်အားစုက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းဟာ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက် ကိုအခြေခံကာစာရင်းပြုစုထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက များနိုင်တယ်လို့လည်း သပိတ်အင်အားစုက မှတ်ချက်ပေးထားပါတယ်။

လူငယ်တွေ ဖမ်းဆီးခံခဲ့ရတဲ့မြို့နယ်တွေမှာ အောင်မြေသာဇံ ၊ ချမ်းအေးသာဇံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန်၊ အမရပူရ နဲ့ ပုသိမ်ကြီးမြို့နယ်တွေ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ တစ်လတာအတွင်း ပျှမ်းမျှအားဖြင့် မြို့နယ်တစ်ခုကို လူငယ် ၅၀ ကျော် ဖမ်းခံခဲ့ရတာပါ။

နိုင်ငံအနှံ့မှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီဟာ အရှုံးနဲ့ရင်ဆိုင်နေရချိန်မှာစစ်မှုထမ်းဥပဒေကို မတရားပြဌာန်းကာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်ပွဲထဲ မတရာဆွဲသွင်းနေတာလို့ မန္တလေး သပိတ်အင်အားစုက ဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ လူသားအရင်း အမြစ် ဆုံးရှုံးရပြီး လူံအခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက သဘောထားပေးထားပါတယ်။

မန္တလေးမှာ စစ်မှုထမ်းအတွက် လူအင်အားရဖို့ ပေါ်တာဆွဲတာကို အလုပ်သွားအလုပ်ပြန် အခြေခံလူတန်းစား လူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံရတာပါ။

အခုလို လူငယ်တွေ ပေါ်တာဆွဲခံရတာကို စစ်ကောင်စီ ထောက်ခံသူ လက်နက်ကိုင် ပျုစောထီးတပ် ခေါင်းဆောင် ဘုန်းကြီးဖြစ်တဲ့ ပေါက်ကိုယ်တော်က လည်း ပြီးခဲ့တဲ့ နှစ်သြဂုတ်လအတွင်း သူရဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၁၆ ရက်က တံတားဦးမြို့နယ် ၊ ထောက်ရှာကုန်းရွာကနေ ညီအကို နှစ်ဦး မန္တလေးမြို့ပေါ် ပန်းရန် လုပ်ဖို့ သွားရောက်ရာမှာ လမ်းမှာတင် ပေါ်တာဆွဲခံရတယ်လို့ ပေါက်ကိုယ်တော်က ပြောထားပါတယ်။

အဲဒီလူငယ် ၂ ဦးအပါအဝင် ပေါ်တာဆွဲခံရတဲ့ လူငယ်စုစုပေါင်း ၄၅ ဦးကို စစ်ထဲ ပို့လိုက်တာကို စုံစမ်းသိရတယ်လို့လည်း ပေါက်ကိုယ်တော်က ဝန်ခံထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လူငယ်တွေကို ပေါ်တာဆွဲတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook