Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တော်ခန်းမ၌တာဝန်ကျသည့် စစ်မှုထမ်းအပတ်စဥ်(၅)ဆင်းတပ်သားတစ်ဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တာဝန်ချထားခံရသည့် စစ်ကောင်စီ​၏ စစ်မှုထမ်းအပတ်စဥ်(၅) သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်း(မုံရွာနတ်ဆိုး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

PDF တပ်ရင်းများနှင့်ချိတ်ဆက်၍ အလင်းဝင်လာသော စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)သင်တန်းဆင်း တပ်သားသစ် ကိုအောင်မြင့်မြတ်အားတွေ့ရစဥ်(ဓာတ်ပုံ- မုံရွာနတ်ဆိုး)

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တာဝန်ချထားခံရသည့် စစ်ကောင်စီ​၏ စစ်မှုထမ်းအပတ်စဥ်(၅) သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်း(မုံရွာနတ်ဆိုး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်မှုထမ်းအပတ်စဥ်(၅)သင်တန်းဆင်း ကိုအောင်မြင့်မြတ်သည် ဇန်နဝါရီ၇ရက်က ရွှေဘိုခရိုင် အမှတ်(၂၆)တပ်ရင်းထံ ဆက်သွယ်ခဲ့ရာ တပ်ရင်း(၂၆)မှ မုံရွာခရိုင်အမှတ် (၂၂)တပ်ရင်းထံ ချိတ်ဆက်ကာ ထပ်ဆင့်အကူအညီတောင်းခံလာခြင်းကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့ခြင်းဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“သူက ကျနော်တို့ချိန်းတဲ့ဆီ ရောက်လာတာ။ အဲဒီကမှတဆင့် ခေါ်ထုတ်လာတာ။ လက်နက်ခဲ့ယမ်းတော့ မပါဘူးဗျ။ ယူခဲ့ဖို့ မလွယ်လို့”ဟု မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်မှုထမ်းတပ်သားသစ် ကိုအောင်မြင့်မြတ်အား ရွှေဘိုခရိုင် အမှတ်(၂၆)တပ်ရင်းထံ ဇန်နဝါရီ၁၅ ရက်က စစ်ကိုင်းတိုင်းတစ်နေရာ၌ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုအောင်မြင့်မြတ်သည် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)ကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ်(၁)တန်းမြင့်လေးကျင့်ရေးကျောင်း(ဂျိုးဖြူ)၌ စစ်သင်တန်း ၃လ တက်ရောက်ခဲ့ရပြီး သင်တန်းဆင်းပြီးချိန်တွင် မုံရွာမြို့သို့ စေလွှတ်ခံရခြင်းဖြစ်ကြောင်း တပ်ရင်း(၂၂)ထံမှ သိရသည်။

အလားတူ စစ်မှုထမ်းအပတ်စဥ်(၅)မှ အခြားတပ်သားသစ်လေးဦးမှာလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် Union Liberation Front(ULF စစ်ကြောင်း) ထံသို့ လက်နက်ခဲယမ်းများယူဆောင်၍ အလင်းဝင်လာကြောင်း ULF စစ်ကြောင်းက ဇန်နဝါရီ ၁၉ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝှမ်း စစ်မျက်နှာပေါင်းစုံ၌ အရှုံးနှင့်ရင်ဆိုင်လာနေရသော စစ်ကောင်စီသည် အင်အားလိုအပ်ချက်ကြောင့် စစ်မှုထမ်းအပတ်စဥ်တစ်ခုလျှင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် တစ်နှစ်အတွင်း လူဦးရေ ၆၀,၀၀၀ သောင်းအား စစ်သင်တန်းပေးသွားမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည့်အပြင် တပ်သားသစ်ရရှိရေး ပေါ်တာဆွဲဖမ်းဆီးခြင်းကို ပေါ်ပေါ်တင်တင်လုပ်ဆောင်လျှက်ရှိသည်။

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းသည် အပတ်စဥ်(၉)သို့ ရောက်ရှိလာပြီဖြစ်ပြီးအဆိုပါ စစ်မှုထမ်းအပတ်စဥ်ကို ဇန်နဝါရီလကုန်၌ စတင်မည်ဟု စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။